spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေးမြို့ရှိ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်း ပစ်ခတ်တိုက်ခိုက်ခံရ

    ရေးမြို့ရှိ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်း ပစ်ခတ်တိုက်ခိုက်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်း ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံတို့ပြောကြားချက်အရ သိရသည်။

    မေလ ၁၁ ရက်နေ့ မနေ့က ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းကို လက်နက်ကြီးလက်နက်ငယ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အဆိုပါတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်နေစဉ်အတောအတွင်း စစ်ကောင်စီတပ်မှ လက်နက်ငယ်၊ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

    “နှစ်ဖက်တိုက်ပွဲတော့မဖြစ်ဘူး။ စစ်ကောင်စီကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ တော်လှန်ရေးတပ်ဘက်က ပြန်ပြီး ဆုတ်ခွာသွားတာ” ဟု သူက ပြောသည်။

    ၎င်းအခြေအနေတို့ကြောင့် ကျောင်းရွာဒေသခံများ ဘေးလွတ်ရာသို့ ခေတ္တခဏတိမ်းရှောင်ခဲ့ကြပြီး ယနေ့တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်း ဒေသခံတို့ ပြောကြားချက်အရ သိရသည်။

    စစ်ကောင်စီ၏ ခမရ (၅၁၉)ကို  မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် ဒေါနစစ်ကြောင်းတို့ပါဝင်ခဲ့သည်ဟုလည်း မွန်ပြည်တော်လှန်ရေးတပ်မှ အတည်ပြုပြောပြချက်အရ သိရသည်။

    စစ်ကောင်စီ၏ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ နှင့် ခမရ ၅၈၃ တို့ကို ရေးမြို့နယ် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ခမရ ၅၈၃ အပါအဝင်၊ ရဲကင်းစခန်း၊ တပ်ရင်း ၅၉၁ ၏ ကျောင်းကြိုပို့ကားတို့ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် မကြာခဏ တိုက်ခိုက်ခံရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks