Homeသတင်းဒီပဲယင်းတွင် စာသင်ကျောင်း ဗုံးကြဲခံရပြီး ကလေးငယ်အယောက် ၂၀ ထက်မနည်း သေဆုံး

ဒီပဲယင်းတွင် စာသင်ကျောင်း ဗုံးကြဲခံရပြီး ကလေးငယ်အယောက် ၂၀ ထက်မနည်း သေဆုံး

-

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာရှိ စာသင်ကျောင်းကို မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျောင်းတက်ချိန်ဖြစ်၍ ကလေးငယ်များ စုတစည်းထဲရှိနေချိန် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဆရာမ တစ်ဦးနှင့် ကလေးငယ် ၂၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ထိခိုက်သွားတဲ့လူတွေကများတော့ သေဆုံးတဲ့အရေအတွက်တွေ ဘယ်သူတွေလဲတယ်ဆိုတာကို အခုထိ အတည်မပြုနိုင်သေးဘူး။ တချို့လဲ ကုသမှု ခံယူနေကြတယ်။ တချို့ကျတော့ ဘယ်သူလဲဆိုတာတောင် မမှတ်မိအောင် အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။ ဆရာတစ်ယောက်လည်း လက်ပြတ်သွားတယ်” ဟု ကူညီကယ်ဆယ်ရေးပါဝင်လုပ်ဆောင်နေသူက ပြောသည်။

၎င်း၏ ပြောပြချက်အရ ကလေးငယ် ၅၀ နီးပါး ထိခိုက်ဒဏ်ရာရ ရရှိခဲ့ပြီး ၂၀ ထက်မနည်း သေဆုံးနိုင်ဟု ဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန်တယ်လီဂရမ်များတွင်မှု အဆိုပါ ပေါက်ကွဲမှုသည် စာသင်ကျောင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ် PDF များ လက်လုပ်ဗုံး စမ်းသပ်နေခြင်းကြောင့်ဟု ဆိုသည်။

ထို့ပြင် အဆိုပါ စာသင်ကျောင်းသည် စစ်ကောင်စီ၏ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကြားကာလပညာရေးအတွက် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ တုန်းကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရသေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts