spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းထီးခီးစခန်း သိမ်းပိုက်ရရှိပြီးနောက် နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေ

    ထီးခီးစခန်း သိမ်းပိုက်ရရှိပြီးနောက် နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေ

    -

    ယနေ့ မေလ ၉ ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်ရရှိထားသည့် ထိုင်း- မြန်မာနယ်စပ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ထီးခီးဒေသရှိ စစ်ကောင်စီအခြေစိုက်စခန်းနှင့် အနီးတစ်တစ်ဝိုက်ကို KNU/KNLA နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

    ထိုင်း- မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ပါဝင်တိုက်ခိုက်နေခဲ့ပြီး  ယနေ့ မေလ ၉ ရက်နေ့ မနက်ပိုင်းတွင်အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း မဟာမိတ်တပ်ပေါင်းစုတို့မှ IMNA ကိုအတည်ပြု ပြောဆိုသည်။

    လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်သည့်အပြင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကိုလည်း စိုးရိမ်နေရကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ဆိုသည်။

    "လောလောဆယ်ကတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲကာလမို့ပေါ့နော်၊ နောက်ပြီး စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်လည်း တောက်လျှောက်ရှိနေသေးတဲ့အခါကျတော့ ကျနော်တို့မှာ အပြီးသတ်လုပ်နိုင်တာတွေ မရှိသေးဘူးပေါ့နော်၊ ဒါပြီးရင် သတင်းထုတ်ပြန်ချက်တွေက ရှိမှာပေါ့နော်"ဟု ပြောသည်။

    ထို့ကြောင့် နယ်မြေရှင်းလင်းရေးမှု ပြီးဆုံးပါက စခန်းသိမ်းရရှိထားမှုအခြေအနေ၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေ၊ ရန်သူဘက်မှ အရှင်ဖမ်းဆီးထားရမှုတို့အပြင် လက်နက်ခဲယမ်းသိမ်းပိုက်ရရှိထားမှုတို့ကိုလည်း  လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆက်ပြောသည်။

    ထီးခီးစခန်းသည် ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်အနီး ထိုင်း- မြန်မာနယ်စပ်မျဉ်း တောင်ပေါ်တစ်နေရာတွင် စစ်ကောင်စီတပ်သား အင်အား ရာကျော်နှင့်အခိုင်အမာတပ်စွဲထားသည့်စခန်းဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့မှစပြီး နယ်စပ်စခန်းကိုထိုးစစ်ဆင်စတင်တိုက်ခိုက်နေပြီး မေလ ၇ ရက် တွင် စစ်ကောင်စီတပ်ဖွဲ့တွင် ၃၀ ကျော် ထိုင်းဘက်သို့လက်နက်နှင့်တကွ ထွက်ပြေး တိမ်းရှောင်ခဲ့ရသေးကြောင်း ဆက်ပြောသည်။

    “ နယ်စပ်စခန်း ထီးခီးကို  KNLA/ PDF joint force တွေ ထိုးစစ်ဆင်နေခဲ့တာမေလ ၇ ရက်တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်ထိုင်းဘက်ကို လက်နက်နဲ့ အတူ ထွက်ပြေးတယ် ကြားတယ် ထားဝယ် -ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတော့ စစ်အုပ်စုလက်လွှတ်ထားတာ ကြာပါပြီ ထီးခီးနားက ဗောဒိကျေးရွာက ရွာသားတွေလည်း ထိုင်းနယ်စပ်ဘက်ထွက်ပြေး ခိုလှုံနေတယ်” ဟု ၎င်းကပြောသည်။

     အဆိုပါ ထီးခီးစခန်းနှင့် ၅ မိုင်ကျော်သာကွာဝေးသည့် စစ်ကောင်စီ၏ ထီးထဗျူဟာ စခန်းကုန်း ကို KNLA ပူးပေါင်းတပ်များက ဧပြီလ ၁၉ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ထီးခီးနယ်စပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုအခြေအနေများကြောင့် တစ်လဝန်းကျင်နီးပါး ထားဝယ်ခရိုင် ထီးခီးအနားရှိကျေးရွာများမှဒေသခံ ၂၀၀၀၀ ဝန်းကျင်တို့ နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းနယ်စပ်မှ လူသားချင်းစာနာထောက်ထားမှုအသင်းနှင့် ကြက်ခြေနီအဖွဲ့တို့မှ စားနပ်ရိက္ခာနှင့် ယာယီအဆောက်အအုံတို့ကို စီစဉ်ပေးလျှက်ရှိကြောင်း ထိုင်းသတင်းမှဖော်ပြချက်အရ သိရသည်။

    ထီးခီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုရှိနေပြီး လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks