spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်း နိုင်ငံအတွင်း အရေးပေါ်ပြင်ဆင်မှုများအတွက် အထူးလေ့ကျင့်သင်ကြားပေးနေဟု အိန္ဒိယရောက် မြန်မာတိုင်းရင်းသူတစ်ဦးကဆို 

     နိုင်ငံအတွင်း အရေးပေါ်ပြင်ဆင်မှုများအတွက် အထူးလေ့ကျင့်သင်ကြားပေးနေဟု အိန္ဒိယရောက် မြန်မာတိုင်းရင်းသူတစ်ဦးကဆို 

    -

    အိန္ဒိယနှင့် ပါကစ္စတန်အကြား စစ်ရေးတင်းမာလာသည့် မေလ ၇ ရက်နေ့မှ စ၍ အိန္ဒိယအစိုးရက နိုင်ငံအတွင်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာပြီး  ပြည်သူများအား လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာတို့ကို အထူးလေ့ကျင့်သင်ကြားပေးနေကြောင်း အိန္ဒိယနိုင်ငံရောက် မြန်မာတိုင်းရင်းသူအမျိုးသမီးတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။

    အဆိုပါ ကြိုတင်ပြင်ဆင်သင်ကြားမှုများကို “Operation Abhyaas” ဟု အမည်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံအနှံ့ရှိ ၂၄၄ ခရိုင်တို့တွင် အရေးပေါ်လေ့ကျင့်ရေးတစ်ရပ်အဖြစ် မေလ ၇ ရက်နေ့က စတင်ခဲ့သည်ဟု အိန္ဒိယသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

    ပြည်ထဲရေးအစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်သော Operation Abhyaas သည် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အတွက် သတိပေးချက်များ (air raid sirens) အသုံးပြုခြင်း၊ မီးပိတ်ထားခြင်း (blackouts)နှင့် ပြည်သူများအား ထွက်ပြေးခိုလှုံနည်းလမ်းများ သင်ကြားခြင်း (Evacuation Drills) တို့ကို သင်ကြားပြသပေးခဲ့သည်။

    ” ကျမတို့သိရသလောက်ကတော့ ပါကစ္စတန်က လေကြောင်းနဲ့ ပြန်တိုက်ခိုက်တဲ့အခါကျရင် လူထုတွေအနေနဲ့ ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို သူတို့က အစမ်းလေ့ကျင့်တာပေါ့နော်။ အဲတာ မနေ့ကတော့ မီဇိုရမ်မှာ ကျောင်းက ကလေးတွေကို သူတို့လုပ်ပေးတယ်။ ညပိုင်းမှာ တစ်ချို့ရပ်ကွက်တွေမှာ လုံးဝမှောင်ကျသွားတယ်။ ၅ မိနစ်လောက် ငြိမ်သတ်တယ်ပေါ့နော်။ ပြီးရင် လက်ခုပ်တီးကြတယ် အောင်မြင်သွားတဲ့ သဘောပေါ့နော်။ အချို့နေရာတွေမှာ သတိပေးတဲ့ အသံတွေကြားတယ်တဲ့ အမတို့ဘက်မှာတော့ မကြားရဘူး” ဟု အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ပညာသင်ကြားနေသည့် မြန်မာလူငယ်တစ်ဦးက IMNAကို ပြောကြားထားသည်။

    အဆိုပါသင်ကြားမှုကို နယူးဒဲလီ (New Delhi)၊ ချန်နိုင်(Channei) ဟိုက်ဒရဘက် (Hyderabad)၊ မွန်ဘိုင်း(Mumbai)၊ ဂူဂရမ် (Gurgaon)စသည့် မြို့ကြီးများနှင့် နယ်စပ်ဒေသတို့မှာ အဓိကသင်ကြားပေးခဲ့ပြီး၊ တက္ကသိုလ်ကျောင်းသားများ၊ လုံခြုံရေးဝန်ထမ်းများ၊ အရေးပေါ်ဝန်ထမ်းများများနှင့် အခြားအဖွဲ့အစည်းများ ပါဝင်လှုပ်ရှားခဲ့ကြောင်း သိရသည်။

    အိန္ဒိယအစိုးရအနေဖြင့် ထိုသင်ကြားမှုသည် ပြည်သူများ၏လုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်မှုများကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ပြောဆိုထားသည်။

    ယမန်နေ့က မေလ ၇ ရက်တွင် ပြုလုပ်ခဲ့သော Operation Abhyaas သည် ၁၉၇၁ ခုနှစ်တွင် အိန္ဒိယ-ပါကစ္စတန်စစ်အပြီး အကြီးမားဆုံးလှုပ်ရှားမှုဖြစ်သည်ဟု သိရသည်။

    အိန္ဒိယ၏ Operation Sindoor လေကြောင်းတိုက်ခိုက်မှုများကြောင့် အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှုများ ပြင်းထန်လာပြီးနောက်၊ နိုင်ငံတကာအာဏာကြီးနိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ဗြိတိန်နှင့် တူရကီတို့က နှစ်ဦးနှစ်ဖက် တင်းမာမှုများကို လျှော့ချရန်နှင့် သံတမန်နည်းလမ်းများဖြင့် ပြဿနာများကို ဖြေရှင်းရန် တိုက်တွန်းထားခဲ့ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks