spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ ယာယီအပြစ်ရပ်ထားသည့် ဧပြီလတွင် အမျိုးသမီး (၇၀) ကျော်သေဆုံး

    စစ်ကောင်စီ ယာယီအပြစ်ရပ်ထားသည့် ဧပြီလတွင် အမျိုးသမီး (၇၀) ကျော်သေဆုံး

    -

    ငလျင်ဘေးကြောင့် ယာယီအပစ်ရပ်ထားသည့် ဧပြီလတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကြောင့် ဧပြီလတစ်လအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး (၇၁) ဦး သေဆုံးပြီး၊ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့  (BWU) မှ မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    အကြမ်းဖက်စစ်တပ်များက နည်းလမ်းအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေသောကြောင့် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအမျိုးကို ခံနေရပြီး၊ နေ့စဉ်နီးပါး အသက်ဆုံးရှုံးနေရသည်ဟု သိရသည်။

     ၎င်းသေဆုံးမှုများထဲမှ (၅၉) ဦးသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပြီး၊ (၇) ဦးမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့်၊ (၅) ဦးမှာ တိုက်ရိုက်သတ်ဖြတ်ခံရခြင်းကြောင့် ဖြစ်ပြီး ၎င်းသေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီး ၁၃ ဦး ပါဝင်သည်။ ထို့ပြင် အမျိုးသမီး ၅၀ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

    ဒေသအလိုက် သေဆုံးမှုအများဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃၀) ဦး၊ မန္တလေးတွင် (၁၄) ဦး၊ ပဲခူးတွင် (၅) ဦး၊ မွန်ပြည်နယ်တွင် (၂) ဦး သေဆုံးမှုမှတ်တမ်းများ ပါဝင်ပြီး ချင်း၊ ရခိုင်၊ ကရင်နှင့် ကရင်နီပြည်နယ်များအပါအဝင် တခြားဒေသများတွင်လည်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    BWU တာဝန်ရှိသူတဦးက တရားမျှတမှုမရှိခြင်း၊ ဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် အမျိုးသမီးများအတွက် ကာကွယ်မှုမူဝါဒများနည်းပါးနေခြင်းတို့ကြောင့် သေဆုံးမှုများက ဆက်လက်ဖြစ်ပွားနေသည်ဟု BWU ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

    “ဒီအကြမ်းအဖက်တွေဖြစ်နေတာကို မထုတ်ဖော်ပဲနေမယ်ဆိုရင် အကာအကွယ်တွေမဲ့သွားနိုင်တာပေါ့နော်၊အခု ထုတ်ဖော်ပြောပြရသလောက်ကို ထုတ်ဖော်နေတောင်မှ အကြမ်းအဖက်တွေက မနည်းလာဘဲ၊ ပိုများလာနေတယ်။ မထုတ်ဖော် မပြောဘဲ နေမယ်ဆိုရင် ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေကို ပိုကြုံရမယ်၊ တရာမျှတမှုတွေကို ရရှိတဲ့ မူဝါဒတွေကိုလည်း လက်လှန်မမှီဘဲ ပိုဝေးသွားမှာဖြစ်ပါတယ်” ဟု  ဆက်ပြောသည်။  

    ထိုအပြင်အခုတွင် ထုတ်ပြန်ထားသော သတင်းအချက်အလက်များသည် တိကျသော်လည်း  မြေပြင်ဒေတာ ရယူရတွင် အခက်အခဲများရှိနေသဖြင့် အမှန်သကယ်သေဆုံးမှုအရေအတွက်သည် ယင်းထုတ်ပြန်ထားသည်ထက် များနိုင်သည်ဟု BWU က ခန့်မှန်းထားသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံတွင် မြေငလျင်ကြီးတစ်ခု ဖြစ်ပွားပြီးနောက်၊ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီလည်း ငလျင်ဘေးအရေးပေါ် ကူညီရေးလုပ်ငန်းများအတွက် ယာယီအပစ်ရပ်ကြေငြာခဲ့သော်လည်း စစ်ကောင်စီက သာမာန်ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်နေသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် နေ့စဉ် အသက်ဆုံးရှုံးနေကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ထုတ်ပြန်ထားသည်။

    ထို့အပြင် ယခုလမေ ၆ ရက်ကနေ့မှ  ၃၁ ရက်အထိတွင်လည်း ယာယီအပစ်ရပ်ကာလအဖြစ် ထပ်မံတိုးမြှင့်လိုက်တယ်ကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာမှ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks