spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီအဖွဲ့တို့ လမ်းသွားလမ်းလာလူငယ်တို့ကို ဖမ်းဆီးတင်းကြပ်နေ

    ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီအဖွဲ့တို့ လမ်းသွားလမ်းလာလူငယ်တို့ကို ဖမ်းဆီးတင်းကြပ်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီအဖွဲ့တို့ လမ်းသွားလမ်းလာ လူငယ်များကို ယခင်ကထက် ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်နေကြောင်း ရေးမြို့နယ်ရှိ ဒေသခံတို့ ပြောပြချက်အရ သိရသည်။

    ဧပြီလ တတိယအပတ်မှစ၍ ရေးမြို့နယ် လမ်းမကြီးတစ်လျှောက်၊ ကျေးရွာအဝင်အထွက်လမ်းနှင့် စစ်ကောင်စီတပ်စခန်းနှင့် နီးစပ်ရာနေရာတို့တွင် အသင့်စောင့်ဆိုင်းပြီး လူငယ်တို့ကို ပစ်မှတ်ထားစစ်ဆေးနေကြောင်း သိရသည်။

    ရေးဘီးလူးအဖွဲ့အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ အဆိုပါဒေသတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် ဒေသခံတို့မှ ရေးဘီးလူးအဖွဲ့နှင့် ပတ်သတ်ဆက်နွယ်ခြင်းရှိမရှိ အကြောင်းမဲ့ စစ်ဆေးနေကြောင်းလည်း ရေးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    "လူငယ်တွေကိုပဲ အစစ်များတယ်။ လမ်းမှာတွေ့ရင် လွယ်လွယ်နဲ့မပေးသွားဘူး သူတို့ရစ်တယ် လူကြီးဆိုသူတို့သိပ်မမေးဘူး။ စစ်တာက နေတိုင်းတော့ မဟုတ်ဘူး သင်င်္ကြန်မတိုင်ခင်က ကွမ်ဒူးမှာ စစ်တယ် သင်င်္ကြန်ပြီး‌တော့ ကိုရင်လေးလမ်းဝ၊ ပေါ့ထောရွာလမ်းဝ တူးမြောင်းရွာလမ်းဝတို့၊ ဒီရက်ပိုင်းမှာ အာယုတောင်မှာ ပိုစစ်ဆေးတင်းကြပ်ထားတယ်”ဟု ရေးဒေသခံမ အမျိုးသားတစ်ဦးက ပြောသည်။

    အာယုတောင်ရွာ အဝင်ထွက်လမ်းစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် မေလ ၁ ရက်နေ့က ဆိုင်ကယ်နှင့် စီးလာသည့် လူငယ် ၄ ဦးကို ရပ်တန့်စစ်ဆေးပြီးနောက် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

    ယခုမေလအတွင်း ရေးမြို့နယ်တွင် အဆိုပါဖမ်းဆီးခံရမှုဖြစ်စဉ် သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်းနှင့် မိဘအုပ်ထိန်းသူ၊ ရပ်ရွာတာဝန်ရှိသူတို့မှ ငွေကြေးဖြင့် လိုက်လံဖြေရှင်းနေရသည်။

    ရေးဒေသခံလူငယ်အမျိုးသမီးတစ်ဦးက "လူငယ်တွေကြား ပြောနေတာက ရွာအပြင်သွားတာလဲ စစ်တယ်၊ လမ်းဝမှာလဲစစ်တယ် အဲ့လိုပဲသူတို့ အရမ်းစစ်တော့ အခုသူများတွေလည်း ရေးမြို့ဘက်တောင်မသွားချင်တော့ဘူး အရမ်းစစ်နေလို့"ဟု ပြောသည်။

    အလားတူ ရေးမြို့နယ်မြောက်ပိုင်းရှိ ကားလမ်းမအရှေ့နှင့် အနောက်ပိုင်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် စစ်ကောင်စီအဖွဲ့တို့ ကျေးရွာအတွင်း၊ ရွာအပြင်နှင့် အမှတ် ၈ လမ်းမကြီးတို့တွင် စစ်ဆေးဂိတ်တိုးချဲဖွင့်လှစ်ထားသဖြင့် ဒေသခံတို့ သွားလာရေးခက်ခဲနေကြောင်း သိရသည်။

    အာယုတောင် အခြေစိုက် ခမရ- ၃၄၃နှင့် ခမရ-၅၈၇ တို့မှ စစ်အင်းအားဖြည့်ခြင်း၊ စစ်ဆေးရေး တင်းကြပ်လာခြင်း၊ ဂိတ်စခန်းအသစ်များ ပြုလုပ်ခြင်းအပြင် ငွေကြေး‌တောင်းခံမှုများလည်း တင်းကြပ်လာသည်။

    ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အပြင် ရေးဘီးလူးအဖွဲ့တို့နှင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့် စီးနှင်းခံရခြင်းတို့ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks