spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမြိတ်-ထားဝယ်လမ်းပိုင်းတွင် ပိတ်မိနေသည့်ယာဉ်များ စတင်ဖြတ်သန်းသွားလာနေ

    မြိတ်-ထားဝယ်လမ်းပိုင်းတွင် ပိတ်မိနေသည့်ယာဉ်များ စတင်ဖြတ်သန်းသွားလာနေ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကန့်သတ်ထားသည့် အမှတ် ၈ ပြည်ထောင်စုကားလမ်းမကြီး မြိတ်-ထားဝယ်လမ်းပိုင်းတွင် ပိတ်ပိနေသည့်ယာဉ်များကို မေလ ၅ ရက်နေ့က စတင်ဖြတ်သန်းသွားလာနေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

    အဆိုပါလမ်းပိုင်းတွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများနှင့် ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်တင်ယာဉ်များကို ယမန်နေ့ (မေလ ၅ ရက်) နံနက် ၁၀ နာရီမှစပြီး ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြသည်ဟု ဆိုသည်။

    “မနေ့က မနက် ၁၀ နာရီလောက်က စဖွင့်ပေးတယ်။ အဲကြားမှာ ပိတ်မိနေတဲ့ ကုန်တင်ကားတွေ သွားလာနေကြပြီ။ တိုက်ပွဲကတော့ အသံတိတ်နေတယ်။ ပုလောဘက်လည်း ပြန်ဖွင့်ပြီ။ ဒီလိုဖွင့်ပေးပေမဲ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်တာနဲ့ ပြန်ပိတ်လိုက်တာပဲလေ။ လောလောဆယ် ပိတ်မိနေတဲ့ကားတွေပဲ သွားလာနေကြတယ်။ ထားဝယ်ဘက်ရောက်တဲ့ကားတွေလည်း ရောက်လာနေကြပြီ။ ဒါပေမဲ့ တရားဝင်တော့ မထုတ်ပြန်လာသေးတော့ သိပ်မသွားလာရဲကြသေးဘူး” ဟု သရက်ချောင်းမြို့နယ်၊ ဆင်ကူးရွာခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် မြိတ်-ထားဝယ်လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပြုသော်လည်း တစ်ချို့ယာဉ်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ချောဆွဲခံရမည်ကို စိုးရိမ်သည့်အတွက် ဖြတ်သန်း မသွားလာရဲကြသေးဘဲ စောင့်ကြည့်နေမှုများလည်း ရှိကြောင်း ဆိုသည်။

    “အခုက ကားကြီးတွေရော သွားလာနေကြပြီ။ ဒါပေမဲ့ အချိန်အခါမရွေး ပြောင်းလဲသွားနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေတယ်။ အဲကြောင့် လောလောဆယ် သတိနဲ့ သွားလာနေကြတယ်။ ကြောက်ပေမဲ့လည်း ခရီးပိုမြန်လို့ သွားနေကြတာပါ” ဟု မြိတ်ဒေသခံတစ်ဦးက ပြောသည်။

    အမှတ် ၈ ပြည်ထောင်စုကားလမ်းမကြီးပေါ်က မြိတ်-ထားဝယ်လမ်းပိုင်းရှိ သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာ နယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဧပြီလလယ်ခန့်ကစပြီး လမ်းပိုင်းတစ်လျှောက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

    Vedio-မြိတ်-ထားဝယ်လမ်းပိုင်းကို ယမန်နေ့က ယာဥ်များ ဖြတ်သန်းသွားလာနေကကြစဥ် (CJ)

    တိုက်ပွဲအခြေအနေကြောင့် ဧပြီလ ၂၄ ရက်နေ့ကစပြီး မြိတ်-ထားဝယ်လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို အချိန်ကန့်သတ်သွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ခဲ့သည်။

    မြိတ်-ပုလော-ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲများ၊ ကြားဖြတ်တိုက်ခိုက်ခြင်းများ ဖြစ်ပွားလေ့ရှိပြီး ကားလမ်းပိတ်ဆို့ခြင်း၊ ရက်ကြာရှည် ကားလမ်းပိတ်ခြင်းများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks