spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်၊ မင်းသားကျေးရွာ ပြည်သူ့စစ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

    ရေဖြူမြို့နယ်၊ မင်းသားကျေးရွာ ပြည်သူ့စစ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

    -

    တနင်္သာတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ မင်းသားကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

    မင်းသားကျေးရွာတွင် အခြေစိုက် ပြည်သူ့စစ်ကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွင်း ပြည်သူ့စစ် ၆ ဦး သေဆုံးကာ၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်က ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

    မင်းသားကျေးရွာ ပြည်သူ့စစ်အဖွဲ့ကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း စစ်ကြောင်း (၃) (KBDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း – ၁၊ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ ထားဝယ်တပ်တော် DNLA ၊ KNU တပ်မဟာ (၆) KNLA တပ်ရင်း (၂၇) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks