spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလစဉ်ကြေးကောက် ပြန်လာသည့် ရဲကား တိုက်ခိုက်ခံရပြီး ရဲအုပ်အပါအဝင် ၃ ဦးသေဆုံး

    လစဉ်ကြေးကောက် ပြန်လာသည့် ရဲကား တိုက်ခိုက်ခံရပြီး ရဲအုပ်အပါအဝင် ၃ ဦးသေဆုံး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် လုပ်ငန်းရှင်များထံမှ လစဉ်ကြေးကောက်ပြီး ပြန်လာသည့် ရဲကားတစ်စီးကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့ ဧပြီလ ၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က ကော့သောင်းမြို့နယ်၊ အေးချမ်းသာကျေးရွာရှိ လုပ်ငန်းရှင်များထံ လစဉ်ကြေးကောက်ပြီး ပြန်လာသည့် ရဲကားတစ်စီးကို ဖော့သုတ်ကျေးရွာ သင်္ချိုင်း ကုန်းအနီးတွင် အသင့်စောင့်ဆိုင်းနေသည့် ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “စစ်ကောင်စီတပ်သားတွေက မာရန်းရဲစခန်းက ရဲတွေ ဖြစ်တယ်။ သူတို့ လစဉ်ကြေးကောက်နေတာက ဒီရှမ်းကိုးရွာတစ်ကြောပေါ့ဗျာ။ မနေ့က အေးချမ်းသာယာရွာကနေပြီးတော့ လစဉ်ကြေးကောက်ပြီး ပြန်လာတဲ့အချိန်မှာ ကျနော်တို့ အသင့်စောင့်ဆိုင်းနေတယ်ပေါ့လေ။ အဲဒါနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ပြည်သူ့ကာကွယ်အဖွဲ့ (ပကဖ) ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ကားပေါ်လိုက်ပါလာသည့် မာရန်းနယ်မြေရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုးအပါအဝင် ရဲအရာရှိနှစ်ဦးနှင့် ရဲတပ်သားတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးပြီး ရဲတပ်ကြပ်ကြီးတစ်ဦး ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

    အဆိုရဲတပ်သားများသည် ဒေသတွင်း မူးယစ်ဆေးဝါရောင်းချနေသူများ၊ လူကုန်ကူးလုပ်နေသူများနှင့် ရော်ဘာလုပ်ငန်းရှင်များထံကို လစဉ်ကြေးကောက်ခံနေပြီး တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသူများကိုလည်း ဖမ်းဆီးအရေးယူမှုများ မလုပ်ဆောင်ကြကြောင်း ဆိုသည်။

    “မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေတဲ့သူတွေကို မဖမ်းဘူး။ လစဉ်ကြေးနဲ့ ကောက်ခံနေတယ်။ လတိုင်း သူတို့သွားကောက်ခံတယ်။ လစဉ်ကြေးပေးထားကြယ်ဆိုတော့ ဒီတိုင်းပဲ သူတို့လွတ်ပေးထားတယ်။ လပြည့်တာနဲ့ သူတို့လစဉ်ကြေးသွားကောက်ကြတယ်လေ။ အဲဒါကို သိရင် အခုလို ပစ်ခတ်ရှင်းလင်းခဲ့တာ” ဟု အထက်ပါ တာဝန်ရှိသူက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါတိုက်ခိုက်မှုကို ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ကားပေါ်ပါလာသည့် ၄၀ မမ ၁ လက်၊ ဗုံးသီး ၁၀ လုံး၊ AK အမျိုးအစားသေနတ် ၂ လက်၊ AK ကျဉ်ဘောက် ၅ ခု၊ ကျည်ဆံ ၉၄ ထောင့်၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံအတောင့် ၅၀၊ ၆ လုံးပြူးသေနတ် ၁ လက်၊ ပွိုင့် ၃၈ အမျိုးအစားသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်ကိုင်ဖုန်း ၄ လုံးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သိမ်းဆည်းရမိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks