spot_img
Thursday, April 17, 2025
More
    spot_img
    Homeသတင်းယာယီအပစ်ရပ်စဲမှုကြေညာချက်ကို လိုက်နာစေလိုကြောင်း မြန်မာပြည်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုတို့ဆို

    ယာယီအပစ်ရပ်စဲမှုကြေညာချက်ကို လိုက်နာစေလိုကြောင်း မြန်မာပြည်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုတို့ဆို

    -

    စစ်ကောင်စီအဖွဲ့မှ ၎င်းတို့ ထုတ်ပြန်ထားသည့် ယာယီအပစ်ခတ်ရပ်စဲမှုကြေညာချက်ကို လိုက်နာပြီး မြေပြင်တွင်ပြုလုပ်နေသည့်  စစ်ကြောင်းထိုးမှုနှင့်၊ လေကြောင်း တိုက်ခိုက်မှုတို့ကိုရပ်တန့်စေလိုကြောင်း မြန်မာပြည်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုတို့က တိုက်တွန်းပြောဆိုသည်။

     ငလျင်ဒဏ်ကြောင့်ထိခိုက်ခံစားနေရသည့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကို စာနာထောက်ထားခြင်းအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ကို အရှိန်ဟုန်မြှင့် ဆောင်ရွက်စေရန်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်မှ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီရပ်စဲမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

    ထိုသို့ကြေညာပြီးနောက် ရေဖြူမြို့နယ်၊ နဘုလယ်ရေနက်ဆိပ်ကမ်း၊ ထားဝယ်အထူး စီးပွားရေးဇုန် ဘက်တွင် အင်အားအလုံးအရင်းနှင့်ထိုးစစ်ဆင်နေပြီး၊ စစ်ကြောင်း ဆက်လက်ထိုး နေပါက ထိတွေ့ တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ဒေါနတနင်္သာ-စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့မှ မြေပြင်တာဝန်ခံကို ယောနသံကပြောသည်။ 

    “တကယ်အပစ်ရပ်ချင်တယ်ဆိုရင် စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းကတိုက်ခိုက်မှုတွေကိုလည်း အကုန်လုံးရပ်နားထားဖို့လိုပါတယ်။ အပစ်ရပ်တယ်လို့ပြောပေမယ့် စစ်ကြောင်း ထိုးတာတွေလုပ်နေရင်တော့ သေချာတာက ထိတွေ့တိုက်ပွဲတွေက ဖြစ်ကိုဖြစ်မှာပါပဲ  ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုန်ဘက်မှာ ကတော့ စစ်ကြောင်းမဆက်လက်ထိုး နေတုန်း ပဲ” ဟု ၎င်းကပြောသည်။ 

    ထို့အပြင် ဧပြီလ ၅ ရက်နေ့တွင်လည်း ယာယီအပစ်ရပ်ထားသည့်စစ်ကောင်စီက သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာတွင် တပ်စွဲထားသည့်စစ်တပ်မှ ကလိန်ပဒေါကျေးရွာဘက်ကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ် တစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ 

    စစ်တပ်မှ အပြောနှင့်လက်တွေ့ကျအောင်  လုပ်ဆောင်ခြင်းမရှိသည့်အတွက် ကြေညာချက်ကိုအယုံအကြည် မရှိကြောင်း၊ ၎င်းတို့အနေနှင့်လည်း ပြန်လည်တုန့်ပြန်ရန် လိုအပ်သည်တို့ကို ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကပြောသည်။ 

    “စစ်ကြောင်းကတော့လောဆယ်ငြိမ်နေပါသေးတယ်၊ ဒါမဲ့ သူတို့ကအပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကလည်း ပြင်ဆင် ထားစရာရှိတာပြင်ဆင်ရမှာပဲ တုံ့ပြန်စရာရှိတာ တုံ့ပြန်ရမှာပဲ” ဟု ၎င်းကပြောသည်။ 

    ယာယီအပစ်ခတ်ရပ်စဲမှု ရက် ၂၀ ရပ်နားထားချိန်တွင် မြန်မာပြည်တောင်ပိုင်းဒေသအပါအဝင် ကချင်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ် နေရာအနှံ့တို့ကို စည်းကမ်းချိုးဖောက်၍ လေကြောင်း တိုက်ခိုက်မှုတို့ကို လုပ်ဆောင်လျှက်ရှိသည်။

    နိုင်ငံတွင်း ပြည်သူများငလျင်ဒဏ်သင့်၍ ထိတ်လန့်နေစဉ် ထောင်နှင့်ချီသည့် ပြည်သူများ၏ အသက်ကိုမမူဘဲ စစ်တပ်၏အာဏာနှင့် စီးပွားရေးတို့ကိုသာ ကာကွယ်ပြီး စစ်ကြောင်းထိုးလုပ်ဆောင်ခြင်းသည် ၎င်းတို့၏ ပင်ကိုယ်စရိုက်ကို ပိုမိုပေါ်လွင်စေကြောင်းလည်း တော်လှန်ရေးအင်အားစုတို့ မှတ်ချက်ပြု ပြောဆိုလျှက်ရှိသည်။ 

    အမျိုးသားညီညွှတ်ရေးအစိုးက လက်ရှိငလျင်ဘေးဒဏ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူညီများ ပေးရန် နိုင်ငံတဝှမ်းရှိ ထိုးစစ်များကို နှစ်ပတ်ကြာရပ်နားကြောင်းထုတ်ပြန်ထားသည်။

    ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်လုပ်နိုင်ရန်အတွက် ညီနောင် မဟာမိတ် သုံးဖွဲ့ ဖြစ်သည့် အာရက္ခ တပ်တော်AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်TNLA၊ မြန်မာ အမျိုး သား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်MNDAA တို့ကလည်းဧပြီလ ၁ ရက်နေ့ကစပြီး တစ်လကြာ အပစ်အခတ်ရပ်စဲ ကြောင်းထုတ်ပြန်သည်။ 

    ထိုသို့ တော်လှန်ရေးအဖွဲ့တို့ အပစ်ရပ်ထားသည့်နေရာကို စစ်ကောင်စီမှ လေကြောင်းသုံးတိုက်ခိုက်နေဆဲဖြစ်သဖြင့် ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီးလူးအဖွဲ့အနေဖြင့် အပစ်ခတ်ရပ်စဲမည် မဟုတ်ကြောင်း ဧပြီလ ၂ ရက်နေ့က ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင်ဖော်ပြထားသေးသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,000SubscribersSubscribe
    spot_img

    Latest posts