spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းငလျင်လှုပ်ခတ်မှုနောက်ပိုင်း မွန်ပြည်နယ်တွင် ဘိလပ်မြေဈေးနှုန်း သောင်းကျော်မြင့်တက်

    ငလျင်လှုပ်ခတ်မှုနောက်ပိုင်း မွန်ပြည်နယ်တွင် ဘိလပ်မြေဈေးနှုန်း သောင်းကျော်မြင့်တက်

    -

    မွန်ပြည်နယ် ၊ ဘိလပ်မြေအရောင်းဆိုင်တို့တွင်လည်း ငလျင်လှုပ်ခတ်ပြီနောက်ပိုင်း ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၁ သောင်းခန့် ဈေးနှုန်းမြင့်တက်လာသည်ဟု ဘိလပ်မြေအရောင်းဆိုင်နှင့် ကန်ထရိုက် သမားတို့ထံမှသိရသည်။

    ငလျင်မလှုပ်မှီကာလတွင် ဘိလပ်မြေတစ်အိတ်လျှင် ၁၉၀၀၀ ကျပ်ဈေးနှုန်းရှိရာမှ ယခုလက်ရှိတွင် ၃၀၀၀၀ ကျပ်ထိဈေးမြင့်တက်နေပြီး၊ ဘိလပ်မြေအရောင်းဆိုင်ကြီးတို့တွင်လည်း အကန့်အသတ်နှင့် ရောင်းချပေးနေသည်ဟု မော်လမြိုင်မြို့မှ ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

    “တက်နေတာပေါ့ ငလျင်မလှုပ်ခင်ဆို ၁၉၀၀၀ ဈေးရောက်နေတယ်၊ အခုကတစ်အိတ်ကို ၃၀၀၀၀ ဖြစ် သွားတယ်၊ ဆိုင်ကြီးတွေမှာဆိုရင် Pro 1 တို့ ကျော်ကြားတို့မှာဆိုရင် ၂၅၀၀၀ နဲ့ရတယ်ဒါမဲ့လို သလောက် တော့မရောင်းပေးဘူးကန်ထရိုက်သမားတွေကိုတော့ ဦးစားပေးရောင်းဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

    လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ဈေးနှုန်းမြင့်တက်မှုဖြစ်နိုင်ပြီး ပေါင်မြို့မှ ကုန်မာဆိုင်တို့တွင် ကြံ့တံဆိပ် ဘိလပ်မြေပြတ်လပ်နေသည်မှာ ၅ ရက်အထိရှိနေကြောင်းနှင့် တစ်ပိဿာအထုတ်များခွဲ၍ ရောင်းချမှုတို့လည်းရှိနေပြီး လုပ်ငန်းများအတွက် သက်ရောက်မှုမရှိသည့်အခြေအနေဖြစ်နေသည်ဟု ဒေသတွင်း သတင်းစာမျက်နှာတို့၏ ဖော်ပြချက်အရ သိရသည်။

    ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့်နေအိမ်တို့ိကို ပြန်လည်ဆောက်လုပ်ရန် ဘိလပ်မြေတို့ကို အမြတ်မယူဘဲ ရောင်းချပေးနေသူတို့ရှိသလို ဝယ်ယူရရှိမှုအခက်ခဲကြောင့် ဈေးမြင့်တင်ရောင်းချနေသည့် ကုန်မာဆိုင်တို့လည်း များစွာရှိနေသည်။

    လတ်တလော အခြားတိုင်းဒေသကြီးတို့တွင် ဘိလပ်မြေတအိတ်လျှင် ၄ သောင်းကျပ်ထိဈေးမြင့် တက်နေသော်လည်း မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းများ လိုအပ်သလိုဝယ်ယူရရှိနေပြီး ဈေးနှုန်းအနည်းငယ်သက်သာကြောင်း မော်လမြိုင်ရှိဘိလပ်မြေဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

    “ယူရတာကတော့သိပ်မခက်သေးဘူး ဈေးပဲတတ်နေတယ်၊ ထိုင်းဘက်နေယူတဲ့ ဘိလပ်မြေတွေဆို မော်လမြိုင် ပေါက်ဈေးအရတော့ ၃၅၀၀၀ ရှိတယ်၊ ပြည်တွင်းဘိလပ်မြေဆိုပေါက်ဈေးဆို ၃၀၀၀၀ ရှိတယ် ရန်ကုန်ဘက်မှာဆို ၄ သောင်းခွဲဖြစ်နေပြီး၊ ပဲခူး ဘက်မှာဆိုရင်လည်း ၃၅၀၀၀ ပေါ့၊ ကျနော်တို့ ဘက်မှာ ဈေးသက်သာနေသေးတာက ထိုင်းနယ်စပ်နဲ့နီးတယ် ထိုင်းဘိလပ်မြေဈေးနှုန်း အထိ မြင့်တက်ဖို့က မဖြစ်နိုင်ဘူး၊ နောက်မြိုင်ကလေးကဘိလပ်မြေဆိုလည်းရနေသေးတယ် ”ဟု ၎င်းက ဆက်ပြောသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်ပတင်သွင်းခြင်းကိုလျှော့ချလိုက်သည့်အပြင် တော်လှန်ရေးတပ်များက ဘိလပ်မြေစက်ရုံးအချို့နှင့်ကုန်ကြမ်းထွက်နေရာများကိုထိန်းချုပ်ထားခြင်း၊ ကုန်စက်ရုံများမှာလျှပ်စစ်မီးမမှန်သောကြောင့် ပုံမှန်လည်ပတ်ရန်ခက်ခဲနေဆဲဖြစ်သည်။

    ထို့ကြောင့် ၂၀၂၅ ဇန်နဝါရီတွင် စစ်ကောင်စီမှ ပြည်ပမှ ဘိလပ်မြေတင်သွင်းခွင့်တို့ကို ပြန်လည်ခွင့်ပြုလိုက်သဖြင့် ဈေးနှုန်းပြန်လည် ငြိမ်သက်လာစဉ်တွင် ငလျင်ဒဏ်ကြောင့် တစ်ဖန်မြင့်တက်လာခဲ့သည်။

    ဘိလပ်မြေနှင့်အတူ အခြားသောဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်ကြသည့် သံ၊ အုတ်၊ သဲ၊ ကျောက်အစရှိသည့် ပစ္စည်းများလည်းဈေးတက်ရန်ဟန်ပြင်နေကြကြောင်းလည်း အဆောက်အဦး ကန်ထရိုက်တစ်ဦးကပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts