spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းသင်္ကြန်ပွဲတော်ကို ရိုးရာဓလေ့အတိုင်းသာ ကျင်းပသွားမည်ဟု စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

    သင်္ကြန်ပွဲတော်ကို ရိုးရာဓလေ့အတိုင်းသာ ကျင်းပသွားမည်ဟု စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

    -

    နိုင်ငံတဝှမ်းရှိ ဒေသခြောက်ခုထက်မနည်း ငလျင်ဒဏ်အပြင်းအထန်ကြုံနေရသည့်အချိန်တွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို မွန်ပြည်နယ်တွင် တေးဂီတဖျော်ဖြေပွဲ၊ အကပွဲတို့မပါဝင်ဘဲ ရိုးရာဓလေ့အရ ရေပက်ကစားခြင်းလောက်သာ ကျင်းပသွားမည်ဟု စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    လက်ရှိအချိန်တွင် ပြည်သူအများစု ငလျင်ဒဏ်ကြောင့် ဝမ်းနည်းကြေကွဲနေရသည့်ကာလဖြစ်သဖြင့် ယခုနှစ်သင်္ကြန်ကို ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်မှုမပါဘဲ ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ ရုပ်သံသတင်းဌာနမှတစ်ဆင့် မနေ့က ကြေညာချက်ထုတ်ပြန်ထားသည်။

    ထို့ကြောင့် မော်မြိုင် ရေကစားမဏ္ဍပ်အတွက် ငှားရမ်းထားသည့် ဖျော်ဖြေရေးအဖွဲ့များကို ရပ်နားထားစေပြီး တိတ်တိတ်ဆိတ်ဆိတ်သာ ပြုလုပ်ကျင်းပသွားမယ်လို့ စစ်ကောင်စီမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဆိုသည်။

    ” တိတ်တဆိတ်ပဲ လုပ်သွားမယ်။ ငှားထားတဲ့အဆိုတော်တွေတီးဝိုင်းတွေကိုလည်း အကုန်လုံးရပ်ခိုင်း လိုက်ပြီး။ ကျေးရွာအလိုက် အာဏာပိုင်အဖွဲ့အစည်းတွေကို ပြောထားတယ်။ အကုန်လုံးရပ်နားဖို့၊ ဒါမဲ့ သူတို့ရွာနဲ့သူတို့တော့ ဘယ်လိုလုပ်မလဲမသိဘူးပေါ့လေ” ဟု  ပြောသည်။

     သို့သော် မော်လမြိုင်မြို့ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်ကို ရေပက်ကစားနိုင်ဖို့ ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ပြီး အခြားဌာနဆိုင်ရာ မဏ္ဍပ်တို့ကိုလည်း ဆက်လက်ဆောက်လုပ်သွားမည်ဟု ဆက်ပြောသည်။

    ပျော်ပွဲရွှင်ပွဲမရှိသော်လည်း မွန်ပြည်နယ်စီးပွားရေးလုပ်ငန်းရှင်တို့ထံ သင်္ကြန်ပွဲအတွက် ငွေကျပ်သိန်းဆယ်ဂဏန်းနဲ့ချီကိုလိုက်လံကောက်ခံနေဆဲဖြစ်သည်။

    မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးက "အများစုကတော့ ငလျင်ဘေးအတွက် သွားကူညီနေကြတယ်။ ဒါမဲ့ စကစကတော့ သင်္ကြန်ပွဲအတွက် လုပ်ဆောင်နေဆဲပဲ။ သူတို့ဘာသာသူတို့ ဘယ်လိုပဲပြင်ပြင် ဘယ်လိုပဲဆင်ဆင် အပြင်ထွက်မဲ့သူမရှိရင် အလကားပဲလေ။ အဲ့ကြောင့်မလည်ပတ်ကြပါနဲ့”ဟု ပြောသည်။

     ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုများနေစဉ်တွင် ပြည်နယ်ဆင့်အပါအဝင် နယ်ဘက်တွင်လည်း သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်နေမှုတို့ကို ဖျက်သိမ်းသင့်ကြောင်း ဆက်ပြောသည်။

    မွန်ပြည်နယ်အပြင် ငလျင်ဒဏ်ကြုံနေရချိန် ကရင်ပြည်နယ်၊ ဘားအံ့မြို့တွင်လည်း စစ်ကောင်စီ အဖွဲ့တို့က သင်္ကြန်ပွဲတော်ကျင်းပပြုလုပ်ရန် သဲသောင်ပြင်သင်္ကြန်အပါအဝင် ကမ်းနားလမ်းမှာ သင်္ကြန်မဏ္ဍပ် တည်ဆောက်ရန် ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်ဟု သိရသည်။

    ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက အင်အားကြီးမားသည့် ငလျင်လှုပ်ခတ်ပြီးနောက် လူဦးရေထောင်နှင့်ချီ သေဆုံးခဲ့ကြသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုလည်း များခဲ့ကာ ဒီကနေ့ထိ နိုင်ငံအရပ်ရပ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks