spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းငလျင်ဘေး လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ရရှိရေး IPCM တောင်းဆို

    ငလျင်ဘေး လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ရရှိရေး IPCM တောင်းဆို

    -

    ငလျင်ဒဏ်ခံအခြေအနေများကို အရေးပေါ်ကယ်ဆယ်ရေးကာလမှသည် ပြည်လည်ထူထောင်ရေး ကာလအထိ ရင်ဆိုင်ဖြေရှင်းရာမှာ ပြည်တွင်းပြည်ပမှ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများ သာမက သတင်းမီဒီယာများ မြေပြင်ကွင်းဆင်း၍ လုံခြုံလွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ပေးရန် အရေးကြီးတယ်ကြောင်း IPCM က ပြောသည်။

    မှန်ကန်သည့် သတင်းအချက်အလက်များကို ငလျင်ဒဏ်ခံပြည်သူများနှင့် ကူညီကယ်ဆယ်သူများကို သိရှိရန်လိုပြီး အကူအညီများ လိုအပ်သူတွေထံ ရောက်မရောက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိမရှိ သတင်းမီဒီယာက ကူညီပံ့ပိုးနိုင်ကြောင်း လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ (IPCM) က ပြောသည်။

    ဒါ့အပြင် အင်တာနက်အား ကန့်သတ်ပိတ်ဆို့ထားခြင်းကိုလည်း စစ်ကောင်စီက ပြန်ဖွင့်ပေးရမှာဖြစ်ပြီး ကပ်ဘေးကာလအတွင်း စစ်ကောင်စီ၏ အင်တာနက်ဆက်လက်ပိတ်ဆို့ထားမှုသည် အကြပ်အတည်းကို ပိုမိုဆိုးရွားစေသည်ဟု ပြောသည်။

    စစ်ကောင်စီက နှစ်ပေါင်းများစွာ အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်နေပြီး အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့စဉ်ကာလများမှာ အင်တာနက် ပြန်လည်ဖွင့်ပေးရန် လျစ်လျူရှု ငြင်းဆန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    နိုင်ငံတကာ အကူအညီမှာထဲမှာ အမေရိကန်မှ Starlink ဆက်သွယ်ရေးစနစ်များလည်း ပါဝင်ရာ အများပြည်သူအကျိုးစီးပွားကို မျှော်ကိုးလျက် စစ်ကောင်စီ အနေဖြင့် အလျင်အမြန် လက်ခံအသုံးပြုသင့်ကြောင်း ပြောသည်။

    နိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် သက်ရောက်မှုများကို သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာ သတင်းထောက်များကိုလည်း စစ်ကောင်စီက ဗီဇာ အလွယ်တကူ ထုတ်ပေးရန် IPCM က တောင်းဆိုထားသည်။

    ပြည်တွင်းရှိ သတင်းမီဒီယာအချို့ကို ပေးပို့သော စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ အသံဖိုင်အရ နိုင်ငံတကာသတင်းထောက်များကို ပေးမဝင်လိုကြောင်း အဆိုပါ ကိစ္စရပ်ကို IPCM က ရှုတ်ချကန့်ကွက်ပြီး အများပြည်သူ နှင့် နိုင်ငံတကာပြည်သူများ ကူညီပံ့ပိုးနိုင်သည့် အဖွဲ့အစည်းများ သိရှိရန် သတင်းရယူ တင်ဆက်ဖော်ပြခွင့် ရရှိရန် တိုက်တွန်းထားသည်။

    ထို့အတူ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ရခိုင်ပြည်နယ်သို့ သတင်းသွားယူစဉ် Myanmar Now ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် စစ်တွေမြို့မှာ ဖမ်းဆီးခံခဲ့ရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ ဆူပူလှုံ့ဆောင်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ တို့ နှင့် စစ်ခုံရုံးတင်ကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရကြောင်း ပြောသည်။

    ထို့ကြောင့် ကိုစိုင်းဇော်သိုက် နှင့် ဖမ်းဆီးခံ သတင်းမီဒီယာသမားများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ တောင်းဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks