Wednesday, March 18, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

    ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်ကို ရေးဘီလူးတပ်ရင်း တပ်ခွဲ-၂ က လာရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

    ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က အသက် ၅၀ နှစ်အရွယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်ဆိုသူသည် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ရေးဘီလူးအဖွဲ့က လာရောက် ပစ်ခတ်သွားခဲ့သည်ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။

    “ဒီနေ့ပဲ ပစ်သတ်ခံလိုက်ရတယ်။ သူက ဟိုတုန်းကလည်း သုံးကြိမ်ထက်မနည်း လုပ်ကြံပစ်ခတ်ခံရဖူးတယ် ဒါပေမဲ့ ထိခိုက်ဒဏ်ရာပဲ ရတယ်။ မသေဘူး။ ဒီတစ်ကြိမ်နဲ့ဆိုရင် သူလုပ်ကြံပစ်ခတ်ခံရတာက ငါးကြိမ်လောက် ရှိမယ်ထင်တယ်။ ဒီနေ့ ကျောင်းရွာ-လိပ်ပုတ်-နတ်ကြီးသွားတဲ့လမ်းပိုင်းမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ပစ်သတ်ခံလိုက်ရတယ်လေ။ ၄ ချက် ၅ ချက်လောက် ပစ်ခံလိုက်ရတယ်။ ဘယ်အဖွဲ့လဲတော့ မသိဘူး။ သူက ပြည်သူ့စစ်ခေါင်းဆောင်လို့ ဆိုပေမဲ့ အာယုတောင်ပြည်သူ့စစ်လို အင်အားမရှိဘူး။ အုပ်ကြီးနောက်လိုက်လို ဖြစ်နေတာ” ဟု ၎င်းဒေသခံက ပြောသည်။

    ကျောင်းရွာပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်သည် စစ်အာဏာမသိမ်းခင်ကတည်းက ကျောင်းရွာစီမံအုပ်ချုပ်ရေးအပိုင်းတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် လုပ်ကြံပစ်သတ်ခံရမည်ကို ကြောက်ရွံနေသည့် ကျောင်းရွာအုပ်ချုပ်ရေးမှူးက တိမ်းရှောင်နေရသည့်အတွက် ဦးအေးမောင်ကသာ အုပ်ချုပ်ရေးမှူးတာဝန်ကို ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။

    ၎င်းပြင် ဦးအေးမောင်သည် စစ်ကောင်စီနှင့်ပူးပေါင်းကာ ဒေသခံရွာသူရွာသားများအပေါ် အကောက်ခွန်မျိုးစုံ ကောက်ခံနေကြောင်းလည်း ပြောသည်။

    “ကျောင်းရွာအုပ်ချူပ်ရေးမှူးက ပစ်သတ်ခံရမှာ ကြောက်လို့ တပ်ရင်း ခမရ-၅၈၃ မှာ တိမ်းရှောင်နေ ကြရတယ်လေ။ အဲကြောင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်အားလုံးကို သူပဲ ဆောင်ရွက်နေတာ။ စစ်ကောင်စီက လက်နက်တွေရော တပ်ဆင်ပေးထားတယ်။ အဲနောက်မှာတော့ သစ်တောအခွန်တွေ၊ ဘာအခွန်တွေ ကောက်လာတယ်။ ဦးအေးမောင်က စစ်မှုးထမ်းဟောင်းပဲလေ။ သူက စစ်သားဘဝကနေ ရပ်နားလိုက်တဲ့နောက်မှာ ဒီ KNU ထိန်းချုပ်နယ်မြေရော၊ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေရောက သူသွားလို့မရနေဘူး။ ကွမ်ဗိုင်မှာရှိနေတဲ့ သူခြံကိုလည်း သွားလာမရနေဘူး။ အခုတော့ သွားပြီပေါ့” ဟု အထက်ပါ ကျောင်းရွာဒေသခံက ပြောသည်။

    ဦးအေးမောင်သည် ရခိုင်ပြည်နယ်ဇာတိဖြစ်ပြီး ကျောင်းရွာသူနှင့် အိမ်ထောင်ကျကာ မိသားစုနှင့်အတူ ကျောင်းရွာတွင် နေထိုင်နေသည်။

    ကျောင်းရွာနယ်မြေတစ်ခွင် ပြည်သူလူထုအပေါ် ဗိုလ်ကျငွေကြေးတောင်း အနိုင်ကျင့်နေသည့် ခမရ-၅၉၁ တပ်ရင်းလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်ကို ကျောင်းရွာကျေးရွာထဲက လက်ဖက်ရည်ဆိုင်တွင် ရေးဘီးတပ်ရင်း တပ်ခွဲ-၂ က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

    စစ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီတပ်သားများနှင့် ရဲကင်း၊ တပ်စခန်းများကို ဒေသတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တို့က မကြာခဏ လာရောက်တိုက်ခိုက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks