Monday, April 13, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာမညနိကာယပရဟိတအဖွဲ့မှ ငလျင်ဒဏ်သင့်ဒေသသို့ သွားရောက်ရန်စီစဉ်နေ

    မွန်ဒေသလုံးဆိုင်ရာမညနိကာယပရဟိတအဖွဲ့မှ ငလျင်ဒဏ်သင့်ဒေသသို့ သွားရောက်ရန်စီစဉ်နေ

    -

    မွန်သင်္ဃာတော်နှင့် လူမျိုးအားလုံးကိုယ်စား မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့မှ ဦးဆောင်ပြီး ငလျင်ဒဏ်သင့်ဒေသသို့သွားရောက်၍ ကူညီထောက်ပံ့မှုများပြုရန် စီစဉ်လျှက်ရှိနေကြောင်း အဖွဲ့ဝင်သံဃာၤတော်တို့၏ ပြောပြချက်အရ သိရသည်။

    ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေပြည်တော်နှင့်မန္တလေးတွင် မွန်ဘုန်ကြီးကျောင်း ၇ ကျောင်းခန့် ပျက်စီးမှုရှိခဲ့ပြီး၊ မွန်ဒေသမှ သံင်္ဃာတော်တို့ စာသင်ကြားနေသည့် စာသင်တိုက်အများစု ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

    ယမန်နေ့မတ်လ ၃၁ ရက်နေ့တွင် မွန်သံင်္ဃာတော်ကိုယ်စားပြုအဖွဲ့အသီးသီးတို့ ငလျင်ဘေးဝိုင်းဝန်းကူညီကယ်ဆယ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့နောက် မွန်အလှူရှင်များ ငွေပါဝင်လှူဒါန်းရန် ထုတ်ပြန်တိုက်တွန်းထားသည့်အပြင်သွားရောက်လှူဒါန်းမည့်အစီအစဉ်အတွက် လှုပ်ရှားနေဆဲဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယအဖွဲ့မှ ဘဒ္ဒန္တဝရဝံသမှ မိန့်ကြားထားသည်။

    “ရာမညပရဟိတအဖွဲ့ကနေဦးဆောင်ပြီးတော့ အခုကစီစဉ်နေတုန်းပါပဲ အဖွဲ့အစည်းသဘောတူညီချက်ကတစ်ဆင့် ဦးဇင်းတို့စာထုတ်ပြန်လိုက်တယ်ဆိုတော့ နောက်ကျသွားတယ်၊ အလှူငွေတွေ စုစည်းနေဆဲပါ၊ ဘယ်နေ့ဘယ်နေရာသွားမလဲ ဆိုတာကိုတော့မဆုံးဖြတ်ရသေးဘူး၊ အခြားအရာတွေကို မကြည့်ဘဲလူ့ဘဝတွေကို ကယ်ဆယ်ဖို့အတွက် ကြည့်ပြီးသွားရမှာပေါ့"ဟု မိန့်သည်။

    မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့်ပြင်းအား ရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်၊ လမ်းတံတားနှင့် ဆက်သွယ်ရေးအဆောက်အုံများ ထိခိုက်ပျက်စီးခဲ့သဖြင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် ငလျင်ဒဏ်သင့်နေရာများ ဆက်သွယ်ရေး ပြတ်တောက်နေသည်။

    အဆိုပါအခြေအနေများကြောင့် မြေပြင်သို့သွားရောက်ကူညီနိုင်ရန် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်သွားမည်ဟုလည်း အဖွဲဝင် မွန်သံဃာတော်တစ်ပါးမှ မိန့်ကြားထားသေးသည်။

    “ ဦးဇင်းတို့လည်း လမ်းတွေတံတားတွေ ပျက်စီးကုန်တော့ ဘယ်လမ်းက နေသွားရမလဲဆိုတာက တွေဝေစရာ ဖြစ်သွားတယ်၊ လမ်းကြောင်းစုံစမ်းပြီးတော့ လမ်းဟောင်းကနေသွားလို့ လာလို့ရတာမျိုးရှိတယ်၊ အခုလောလောဆယ်တော့အလှူငွေမပို့ရသေးဘူး၊ ပြန်လည်ထူထောင်ရေး ဘက်ကို အသာပေးပြီး လှူဒါန်းဖို့ရှိတယ်”ဟု ဆက်မိန့်သည်။

    ယခုကဲ့သို့သဘာဝဘေးဒဏ်သင့်ပြည်သူများ ဒုက္ခရောက်ချိန်တွင် လူမျိုးခွဲခြားခြင်း၊ ဘာသာခွဲခြားခြင်း မရှိဘဲ တတ်နိုင်သည့်ဘက်မှ ကူညီလှူဒါန်းမှုလုပ်ဆောင်သင့်သည်ဟု မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယအဖွဲ့မှ တိုက်တွန်းထားသေးသည်။

    ထို့အပြင် ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်များ၊ ပြည်သူများနှင့် ထပ်တူညီမျှ ဝမ်းနည်းရကြောင်းနှင့် ပျက်စီးဆုံးရှုံးသွားသည့် စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများ၊ ကယ်ဆယ်ရေးလုပ်ငန်းအထောက်အပံ့များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တတ်အားသရွေ့ပါဝင်ကူညီသွားမည်ဟုလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

    နိုင်ငံတစ်ဝှမ်း အင်အားကြီးငလျင်ကြောင့် မန္တလေးမဟာမြတ်မုနိဘုရားကြီးအပါအဝင် ရှေဟောင်း စေတီ၊ အဆောက်အဦး ၆၁ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် ငလျင်ဒဏ်သင့်ဒေသများသို့ မွန်ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ပရဟိတအဖွဲ့တို့မှ ကူညီကယ်ဆယ်ရေးလုပ်များ သွားရောက်လုပ်ဆောင်နေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks