spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

    ကျိုက်ထိုတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးနေ့ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ အောက်စုအပိုင်းနေ ကိုလင်း (ခ) အညာသားဆိုသူသည် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-‌မော်လမြိုင်ကားလမ်းဘေးရှိ PUMA စက်သုံးဆီအရောင်းဆိုင်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

    “ဖြစ်သွားတာက မနေ့ (မတ် ၃၁ ရက်နေ့) ညနေ ၅ နာရီခွဲလောက်မှာ ဖြစ်သွားတာ။ ကိုလင်း ကို လူနှစ်ယောက်က ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ကိုလင်း (ခ) အညာသားသည် ဦးခေါင်းနှင့် ကျောကုန်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

    ကိုလင်း (ခ) အညာသားကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ကျိုက်ထိုမြို့နယ်အတွင်း လုပ်ကြံပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ခမိတ်ကျေးရွာနှင့် ကြာဖြူကျေးရွာကြား ရန်ကုန် – မော်လမြိုင်ကားလမ်းဘေး ရော်ဘာခြံအနီးတွင် ကျိုက်ထိုမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) မှ တပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

    အလားတူ မတ်လ ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာနေ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးကော်မတီဝင် ဦးစိုးမင်းဦးလည်း လုပ်ကြံပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။

    ယခုနှစ်အတွင်း မွန်ပြည်နယ်တွင် လုပ်ကြံပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ၁၁ ဦးထက်မနည်း သေဆုံးကာ၊ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks