Wednesday, March 18, 2026
More
    spot_img
    Homeသတင်းလေယာဉ်ကွင်းစံမံကိန်းမှ မြေသယ်ကားများစည်းကမ်းမဲ့မောင်းနှင်မှုကြောင့် ဒေသခံများအနှောင့်ယှက်ဖြစ်နေ

    လေယာဉ်ကွင်းစံမံကိန်းမှ မြေသယ်ကားများစည်းကမ်းမဲ့မောင်းနှင်မှုကြောင့် ဒေသခံများအနှောင့်ယှက်ဖြစ်နေ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စစ်ကောင်စီမှ  လေယာဉ်ကွင်းစံမံကိန်း အကောင်အထည်ဖော်ရန်အတွက် မြေဖို့၊ မြေသယ်ယူမှုတို့ လုပ်ဆောင်နေပြီး မြေသယ်ကားများမှ စည်းကမ်းမဲ့ အလျင်စလိုမောင်းနှင်နေခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ အနှောင့်ယှက်ဖြစ်နေသည်ဟု သိရသည်။

    မြေနေရာလျော်ကြေး ပေးဆောင်ထားပြီးဖြစ်သဖြင့် ကော့ပရံကျေးရွာအနီး လေယာဉ်ကွင်းစီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ နိုင်လှုံကျေးရွာ ကားလမ်းမအရှေ့ဘက် ခပ်ရခပ်ယူဘုရားအနီးတွင် ဧက ၃၀၀ ကျော်ရှိသည့် စက်မှုဇုန်ပိုင် မြေသားများကိုတူးယူပြီး လေဆိပ်တည်ဆောက်မည့် ကော့ပရံရွာဘက်သို့ မနက် ၇ နာရီမှ ည ၇ နာရီအထိ သယ်ယူမောင်းနှင်နေကြောင်း သိရသည်။

    စစ်ကောင်စီအဖွဲ့တို့ငှားရမ်းထားသည့် ကန်ထရိုက်ကုမ္ပဏီမှ မြေသယ်ယာဉ်များ အကြိမ်အရေအတွက်အများအပြား  သယ်ယူနိုင်ရေးအတွက် အပြိုင်အဆိုင်ကျော်တက်မောင်းနှင်နေသဖြင့်  ယာဉ်အန္တရာယ်စိုးရိမ်ရကြောင်း  မုဒုံဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

    “အခုလောလောဆယ်ကတော့သူတို့စံမံချက်ကိုအကောင်အထည်ဖော်နေတာပေါ့၊ နေ့တိုင်းသယ်နေကြတယ်၊ ဌားထားတဲ့ကားတွေကသူတို့အကြိမ်အရေအတွက်များများရဖို့အရေးဆိုရင် အပြိုင်အဆိုင် ကျော်တက်မောင်းနှင်ကြတာပဲ၊ လမ်းပိုင်းသွားလာတဲ့ သူတွေကျ အန္တရာယ်သိပ်များတယ်ပေါ့နော် ၊ ကျမတို့အိမ်ဆိုလည်းတနေ့ကုန် အလုံပိတ်ထားရတယ်ဖုန်တွေကများလွန်းလို့”ဟု ၎င်းကပြောသည်။

    စီမံကိန်းဆောက်လုပ်ရေးကြောင့် လက်ရှိ ဒေသခံတို့ရင်ဆိုင်နေရသည့် လေထုညစ်ညမ်းမှုအပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကိုလည်း ဆက်လက်ရင်ဆိုင်ရနိုင်ကြောင်း ဒေသခံတို့ သုံးသပ်လျှက်ရှိသည်။

    ထို့အတူ ခပ်ရခပ်ယူဘုရားအနီး တူးဖော်ရန် ခွင့်ပြုချက်ရထားသည့် မြေနေရာတို့ကိုလည်း စိတ်ကြိုက်တူးဖော် လုပ်ဆောင်နေကြောင်း ဒေသခံတို့က ပြောသည်။

    “ အရင်ကတော့  ရာဘာ စက်မှုဇုန်လုပ်ဖို့အတွက်ရည်ရွယ်ထားတာပေါ့၊ အဲမြေတွေကို တူးရမှာပဲဆိုတာ့ မြေတွေကိုယူပြီးတော့ လေယာဉ်ကွင်းစီ မံကိန်းဘက်ကို သယ်ပြီး မြေဖို့နေကြတယ်၊ အဲ့တာက အစိုးရမြေပဲပေါ့ သူတို့(စကစ)က ကန်ထရိုက်ယူထားတဲ့ သူတွေကိုပေးပြီတော့ စိတ်ကြိုက်သယ်နေတာ ”ဟု နိုင်လှုံရွာခံတစ်ဦးကပြောသည်။

     ကော့ပရံကျေးရွာအနီး တည်ဆောက်မည့် လေယာဉ်ကွင်းစီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီးဖြစ်သော်လည်း ဘလောက်ညောင်ဝိုင်းတွင် လျာထားသည့် ဆိပ်ကမ်းစီမံကိန်းအတွက် အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း နိုင်လှုံဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် စိုက်ပျိုးမြေများအတွက်  တစ်ဧကကျပ်သိန်း( ၄၀ )နှုန်းနှင့် သီးပင်စားပင်တို့၏တန်ဖိုးအလိုက် ထပ်မံပေးဆောင်သွားမည်ဆိုသော်လည်း တောင်သူအချို့ မြေတစ်ကွက်စာလျော်ကြေးသာ ရထားသေးကြောင်း ဒေသခံတို့ပြောပြချက်အရ သိရသည်။

    အဆိုပါစီမံကိန်းတို့သည် အနည်းဆုံး ၅ နှစ်ထက်မနည်းကြာမြင့်နိုင်သည့် နှစ်ရှည်စီမံကိန်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် စီးပွားရေးအလားလော ကောင်းမွန်လာနိုင်မည်ဟုလည်း စစ်ကောင်စီမွန်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူမှ ဆိုထားသည်။

    မုဒုံမြို့နယ်ရှိ မြေဧက ၄၆၀၀ ကျော်ကျယ်ဝန်းသည့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို မုဒုံမြို့ရှိ ဘလောက်ညောင်ဝိုင်းနှင့် ဝဲကလိကျေးရွာအကြားတွင် တည်ဆောက်သွားမည်ဖြစ်ပြီး၊ လေယာဉ်ကွင်းစီမံကိန်းကို ကော့ပရံရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks