spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းပြည်သူမှ ပြည်သူသို့ အကူအညီရရှိရေး မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဝိုင်းဝန်းဆောင်ရွက်မည်

    ပြည်သူမှ ပြည်သူသို့ အကူအညီရရှိရေး မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဝိုင်းဝန်းဆောင်ရွက်မည်

    -

    စစ်ကိုင်းငလျင်ကြီးကြောင့် အတိဒုက္ခရောက်နေသူတို့အတွက် ပြည်သူများ၏ အကူအညီများကို စစ်ကောင်စီလက်ထဲမရောက်ရှိရန် ပြည်သူမှ ပြည်သူသို့ အကူအညီရောက်ရှိရေး မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) မှ ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    မတ် ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငလျင်းဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းပြည်နယ်ဒေသများတွင် လူ ၂၀၀၀ကျော် သေဆုံးပြီး သန်းပေါင်းများစွာ အတိဒုက္ခရောက်နေသည့် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးလူငယ် အများအပြားရှိနေသည်။

    ထိုအခြေအနေကြောင့် စစ်ကိုင်း၊မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ဒေသခံပြည်သူများ အတိဒုက္ခရောက်နေကြပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးအကူအညီများ လိုအပ်လျှက်ရှိပြီး မွန်ပြည်သူများမှလည်း ကူညီလှူဒါန်းမှုများဆောင်ရွက်လျှက်ရှိသည်။

    အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စစ်ကောင်စီထံ မရောက်ရှိရန်အရေးကြီးသည့်အတွက် ပြည်သူမှပြည်သူသို့ အကူအညီရရှိရေး မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ထုတ်ပြန်ထားသည့် အီးမေလ်နှင့် ဖုန်းနံပါတ်ထံမွန်ပြည်နယ်ဖွားပြည်သူများ၊ မွန်ပြည်နယ်အတွင်းရှိပြည်သူများ ပေးပို့ရန် တိုက်တွန်းထားသည်။

    “ကိုယ့်အလှူငွေက စကစလက်ထဲရောက်ရင်တော့ သူတို့လူတွေကိုပဲ ကူညီကုသပေးနေတယ်။ ဒေသခံပြည်သူတွေကို ကူညီတာ မတွေ့ရဘူး။ ငါတို့က တကယ် အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို အလှူပေးသင့်တယ်။ လက်နက်ကျည်ဆန်အတွက်ပေးပြီး ပြည်သူတွေကိုပဲ ပြန်သတ်တာမျိုးမဖြစ်စေအောင် စကစလက်အောက်မှာ လုပ်နေတဲ့ သူတွေထံ အလှူဒါန်းမပေးမိဖို့ တိုက်တွန်းချင်တယ်” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    လက်ရှိ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အနေဖြင့်လည်း ပါဝင်လှူဒါန်းမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (EOCC) နှင့် ပူပေါင်းကာ စစ်ကိုင်း၊ မန္တလေးမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများထံသို့ တိုက်ရိုက်အဆက်သွယ်ယူပေးပို့သွားမည်ဟု ဆက်ပြောသည်။

    ငလျင်ဒဏ်သင့် ဒေသများသို့ စစ်ကောင်စီ လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကူညီရန် အခက်အခဲများကြုံတွေ့နေရသည်ဟု သိရသည်။

    ထို့အပြင် စစ်ကိုင်းတွင် ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများကို ည ၁၀ နာရီနောက်ပိုင်း မပြုလုပ်ရန်နှင့် သေဆုံးသူတို့၏ အလောင်းများကို စစ်ရေးနယ်မြေဟုဆိုကာ သဂြိုလ်ခွင့်မပေးနေကြောင်းလည်း လူမှုကူညီရေးအဖွဲ့နှင့် နီးစပ်သူတို့မှ ပြောဆိုနေကြသည်။

    ထို့ကြောင့် လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် ဒေသခံအဖွဲ့များသည် ငလျင်ဒဏ်ခံရသူများကို ကူညီရန် အသင့်ရှိနေပြီး စစ်တပ်ကိုမဖြတ်သန်းဘဲ အကူအညီများကို ပွင့်လင်းမြင်သာစွာပေးဝေရေးနှင့် နေပြည်တော်ရှိ စစ်ကောင်စီအဖွဲ့တို့နှင့် မရပ်တည်ရန် တိုက်တွန်းလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks