Wednesday, March 18, 2026
More
    spot_img
    Homeသတင်းငလျင်ဘေးသင့် စစ်ကိုင်းတွင် ကယ်ဆယ်ရေး ထိထိရောက်ရောက် မလုပ်နိုင်

    ငလျင်ဘေးသင့် စစ်ကိုင်းတွင် ကယ်ဆယ်ရေး ထိထိရောက်ရောက် မလုပ်နိုင်

    -

    မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ အကွာတွင် အခြေပြုလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင် ထိခိုက်သေဆုံးမှု များခဲ့သည်။

    မြေပြင်ကယ်ဆယ်ရေးအဖွဲ့အစည်းများ၏ ပြောပြချက်အရ စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၀၀ ထက်မနည်းရှိသည်ဟု ဆိုသည်။

    ငလျင်လှုပ်ခတ်ပြီး လေးရက်မြောက်နေ့အထိ ပျောက်းဆုံးနေသူအရေအတွက် ရာနှင့်ချီရှိနေသလို ကူညီကယ်ဆယ်ရေးအတွက် လူအင်အား၊ ယန္တယားအင်အားလည်း နည်းပါးခဲ့ကြောင်း သိရသည်။

    ရက်ကြာလာသည့်အတွက် ပြိုကျအဆောက်အဦးများအောက်တွင် ပိတ်မိနေသူ အများစုသည် အသက်ရှင်ရန် အခွင့်အရေးနည်းသွားပြီဟု စစ်ကိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

    “အချိန်က အရမ်းကြာသွားပြီခင်ဗျာ။ အနံ့တွေလည်း ထွက်နေကြပြီ။ အခုက ကူညီကယ်ဆယ်ရေးတွေတော့ မဟုတ်တော့ဘူးပေါ့။ အပျက်အစီးတွေ စရှင်းနေကြပါပြီ” ဟု ပြောသည်။

    စစ်ကိုင်းမြို့သို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးများ မတ်လ ၃၀ ရက်နေ့တွင် ရောက်ရှိလာသော်လည်း ကယ်ဆယ်ရန် အသက်ရှင်သည့်လူ မရှိသလောက်နည်းသွားသည့်အခြေအနေဟု ကယ်ဆယ်ရေးသမားများက ပြောသည်။

    “ငလျင်ကယ်ဆယ်ရေးက လူအင်အားရှိလဲမရဘူး။ အဓိက လူတွေကိုကယ်ဖို့ လေ့ကျင့်ထားတာ မီးသတ်တွေပဲရှိတယ်။ ဖြစ်တဲ့နေရာကလဲတမြို့လုံးလိုလိုဖြစ်တာ။ လူမလောက်ဘူး။ နောက်အဲဒီအဆောက်အအုံးက ပြိုကျသွားတော့ ပိုခက်ခဲသွားတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသူ ကိုဇော်ကြီးက ပြောသည်။

    လက်ရှိတွင် မလေးရှားနိုင်ငံက ကယ်တယ်ရေးအဖွဲ့များ စစ်ကိုင်းမြို့သို့ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လုပ်ဆောင်နေဆဲဖြစ်သည်။

    ငလျင်ဘေးမှ လွတ်မြောက်လာသည့် ဒေသခံများအနေဖြင့်လည်း စားနပ်ရိက္ခာနှင့် ရေ အဓိကလိုအပ်နေသည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ပြင်းအားမြင့် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြစ်ကူးတံတားအပါအဝင် ဘုရားစေတီများ၊ ကျောင်းများ၊ လူနေအိမ်များ ပြိုကျပျက်စီးခဲ့ရသည်။

    အရပ်သားများ ကိုယ်ထူကိုယ်ထဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသော်လည်း စစ်ကောင်စီတပ်က လက်နက်ကိုင်ကာ လုံခြုံရေးယူနေကြောင်း မျက်မြင်သက်သေများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks