Homeသတင်းမြေငလျင်ဒဏ်ကြောင့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ၇ ရက်သတ်မှတ်

မြေငလျင်ဒဏ်ကြောင့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ၇ ရက်သတ်မှတ်

-

မြန်မာနိုင်ငံတွင် မြေငလျင်ဒဏ်ကြောင့် မတ်လ(၃၁)မှ ဧပြီလ ၆ ရက်အထိ (၇)ရက်တိုင်တိုင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ်လ(၃၁) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ မြေငလျင်ပြင်းထန်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထိုခိုက်ပျက်စီးမှုများဖြစ်ပေါ်စေခဲ့ပြီး စာနာနားလည်မှုနှင့်အတူ ထပ်တူခံစားကြသည့်အနေဖြင့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်သတ်မှတ်လိုက်ကြောင့် သိရသည်။

ဝမ်းနည်းခြင်းအထိန်းအမှတ်ဖြင့် သတ်မှတ်ထားသည့် ၇ ရက်တာအတွင်း မြန်မာနိုင်ငံရှိ အစိုးရဌာနများ၊ တပ်မတော်၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုသည် စာနာထောက်ထားခြင်းနှင့် ဝမ်းနည်းခြင်းအနေဖြင့် ၎င်းနေ့များအတွင်း နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန် ထုတ်ပြန်ကြေညာထားသည်။

ငလျင်ဘေးကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ စုစုပေါင်း ၁,၇၀၀ ကျော်ရှိကာ ဒဏ်ရာရရှိသူ ၃,၄၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မန္တလေးအနီး ဗဟိုပြု လှုပ်ခတ်ပြီး ရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိသည့် အဆိုပါငလျင်သည် နှစ်ပေါင်း ၁၀၀ ကျော်တွင် အဆိုးရွားဆုံး ဖြစ်ခဲ့သည်ဟု ပညာရှင်များက ထောက်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts