spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းထိုးစစ်အားလုံးကို နှစ်ပတ်ကြာ ရပ်နားထားမည်ဟု NUG ကြေညာ

    ထိုးစစ်အားလုံးကို နှစ်ပတ်ကြာ ရပ်နားထားမည်ဟု NUG ကြေညာ

    -

    ငလျင်ဘေးသင့်ခဲ့သည့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မနက်ဖြန်မှစတင်ပြီး နှစ်ပတ်ကြာရပ်နားထားမည်ဟု ယနေ့ (မတ် ၂၉) ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်သည်။

    အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အိမ်၊ အဆောက် အဦနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထိုးစစ်အားလုံးကို နှစ်ပတ်ကြာရပ်နားရခြင်းဖြစ်ဟု ဆိုသည်။

    ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်နေသည့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေး လုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ပေးနိုင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့များကို ဖိတ်ခေါ်ထားပြီး NUG အနေဖြင့် အမေရိကန်ဒေါ်လာ ၁ သန်း ကနဦး လျာထားသုံးစွဲသွားမည်ဟု ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks