spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းရေးလမ်းမကြီးပေါ်တွင် ခမရ-၅၈၆ တပ်ရင်းမှ အရာရှိတပ်သားတို့ စီးနင်းလာသည့်ကား ပစ်ခတ်ခံရ

    ရေးလမ်းမကြီးပေါ်တွင် ခမရ-၅၈၆ တပ်ရင်းမှ အရာရှိတပ်သားတို့ စီးနင်းလာသည့်ကား ပစ်ခတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နှင့် တူးမြောင်းကျေးရွာကြားရှိ အမှတ် ၈ လမ်းမကြီးပေါ်တွင် ခမရ-၅၈၆ တပ်ရင်းမှ တပ်အရာရှိနှင့် တပ်သားများ စီးနင်းလာသည့် Vigo ကားတစ်စီးကို ရေးဘီလူးတပ်ရင်း တပ်ခွဲ(၁)မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၆ တပ်ရင်းမှ တပ်အရာရှိတို့ မတ်လ ၂၆ ရက်နေ့က Vigo ကားအဖြူရောင်ဖြင့် ခမရ ၅၈၇ တပ်ရင်းသို့ အစည်းအဝေးတက်ရန် သွားရောက်စဉ် ရေးဘီလူးအဖွဲ့မှ စောင့်ကြိုပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှုးတစ်ဦးအပါအဝင် တပ်သား ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    ” သတင်းအတိအကျရထားတော့ ကျွန်တော်တို့စောင့်ပစ်ခဲ့တယ်ပေါ့နော်။ စောင့်ပစ်တဲ့နေရာကတော့ တူးမြောင်းနဲ့လေယာဉ်ကွင်းအကြားမှာပဲ။ တပ်ရင်းတစ်ဦးအပါအဝင် တပ်သားနှစ်ဦး အကုန်လုံးပေါင်း ၃ဦးကျတယ်။ အလောင်းကတော့ သူတို့အခု ၅၈၇ တပ်မှာပဲ ရှိနေတုန်းပဲ ဒီ ၅၈၆ ကိုပြန်မယူလာရသေးဘူး” ဟု ရေးဘီလူးခေါင်းဆောင်က ဆိုသည်။

    တိုက်ခိုက်မှုဖြစ်ပြီးပွားပြီးနောက် စစ်ကောင်စီတပ်သားတို့ ရောက်ရှိလာကြောင်း၊ ရေးဘီလူးတပ်ရင်းမှလည်း လုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီမှ သေဆုံးသူများကို ခမရ ၅၈၇ တပ်ရင်းသို့ သယ်သွားခဲ့ကြောင်း ဆက်ပြောသည်။

    ခမရ ၅၈၆ တပ်ရင်းသည် မော်လမြိုင်- ရေးအမှတ်(၈) လမ်းကြီးဘေးတွင်ရှိရာ ခမရ ၅၈၇ သည် ရေးမြို့၏ အလယ်ပိုင်းတွင် အခြေစိုက်ထားသည်။

    လက်ရှိအချိန်တွင် ရေးဘီလူးအနေဖြင့် စစ်ကောင်စီတပ်ရင်းနှင့် တပ်စခန်းများကို ထိုးစစ်ဆင်မှုမြှင့်တင်နေသည့်အချိန်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အသွားအလာသတိပြုကြရန် ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ တိုက်တွန်းပြောဆိုထားသေးသည်။

    “ကျွန်တော်တို့ရေးဘီလူးတပ်ရင်က တောက်လျှောက်ထိုးစစ်ဆင်လာပြီးမို့ ပြည်သူတွေ အသွားအလာဂရုစိုက်ကြပါ။ ယခုကာလကို အမှီပြုပြီး မိမိအန္တရာယ် မိမိကာကွယ်နေထိုင်ပါ”“ကျွန်တော်တို့ရေးဘီလူးတပ်ရင်က တောက်လျှောက်ထိုးစစ်ဆင်လာပြီးမို့ ပြည်သူတွေ အသွားအလာဂရုစိုက်ကြပါ။ ယခုကာလကို အမှီပြုပြီး မိမိအန္တရာယ် မိမိကာကွယ်နေထိုင်ပါ” ဟု ဆိုသည်။

    ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း ကွန်ဒူးကျေးရွာထပ်တွင်ရှိသည့် စစ်တပ်ကင်းပုန်းနေရာကို ဝင်ရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

    ထို့အပြင် ရေး-ထားဝယ် ကားလမ်းမ အရှေ့ပိုင်းရှိ ရွာသစ်၊ ရွာကလေး၊ ဝါးရဟိုင်း၊ တောင်စွန်းစသည့် ကျေးရွာအဝင်အထွက်လမ်းတို့တွင် စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်တို့တိုးမြှင့်ကာ စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကန့်သတ်ပြီး စစ်ဆေးရေးတင်းကြပ်နေသဖြင့် ရေးဘီးလူးအဖွဲ့နှင့် မကြာခဏ တိုက်ခိုက်ခံနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks