Wednesday, March 18, 2026
More
    spot_img
    Homeသတင်းရေဖြူတွင် စစ်ကောင်စီကင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရ

    ရေဖြူတွင် စစ်ကောင်စီကင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရ

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေဖြူပြည်သူ့ကာကွယ်တပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

    မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ရေဖြူမြို့နယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာအကြား အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေဖြူပြည်သူ့ကာကွယ်တပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးသည်ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “လမ်းကင်းအတွက် လုံခြုံရေးထားတဲ့ စစ်ကြောင်းကို ကျနော်တို့ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်။ တိုက်ပွဲကတော့ မနက် ၉ နာရီကနေ နေလယ် ၁၂ နာရီအထိ ၂ နာရီကြာ ဖြစ်ပွားသွားတယ်။ သူတို့(စစ်ကောင်စီ) ဘက်က လက်နက်ကြီးနဲ့ ပစ်ကူးပေးခဲ့ပါတယ်။ နောက်ပြီးတော့ စစ်တပ်လေထီးယာဉ်တစ်စီးလဲ တိုက်ပွဲအတွင်း တောက်လျောက် ဗုံးသီးတွေ ချပစ်ကူပေးခဲ့တယ်။ အင်အားကတော့ ၁၅၀ အထက် ရှိမယ်။ တိုက်ပွဲဖြစ်တော့ စစ်ကူအနေနဲ့ ရောက်လာကြတာ။ ၂၀ ယောက်ကျော်ကတော့ ကျသွားတာ မျက်မြင်ပါပဲ” ဟု ပြောသည်။

    အဆိုပါတိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    ဒေသခံပြည်သူများအနေဖြင့် စစ်ရေးများကို အရှိန်အဟုန်တိုးမြှင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိပြုပြီး သွားလာနေထိုင်ကြရန် လိုအပ်သည်ဟု တိုက်တွန်းထားသည်။

    ၎င်းပြင် စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက် များကို လိုက်နာကျင့်ကြံကြပါရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks