spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းနေပြည်တော်တွင် သုံးရက်တာ ငြိမ်းချမ်းရေးဆွေးနွေးနေ

    နေပြည်တော်တွင် သုံးရက်တာ ငြိမ်းချမ်းရေးဆွေးနွေးနေ

    -

    စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) က ဦးဆောင်၍ နေပြည်တော်တွင် သုံးရက်တာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

    NSPNC အပါအဝင် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဟု သိရသည်။

    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ခွန်ထွန်းရွှေက “ခေါင်းစဉ်ကတော့ ငြိမ်းချမ်းရေးစကားဝိုင်းပေါ့၊ Peace Talk 2025 ပေါ့။ တွေ့ဆုံဆွေးနွေးမှုများမှာ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့၊ ပညာရှင်၊ လုပ်ငန်းရှင်တွေပါတယ်။ NGO လူမှုအဖွဲ့အစည်းတော့ မပါသေးဘူး“ ဟု ပြောသည်။

    လက်ရှိ မိမိတို့ ပြည်သူလူထုမှာ စစ်ဘေးရှောင်ရမှု၊ စီးပွားရေးအကျပ်အတည်းမှု၊ မလုံခြုံမှု စသဖြင့် ခံစားနေရကြောင်း ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်လာနိုင်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို ၊ လူထုအကြား အသိမြင်တိုးမြှင့်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဟု NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    အလားတူ နိုင်ငံအတွင်းပဋိပက္ခများ အမြန်ဆုံး လျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေး ပိုမိုကောင်းမွန် တိုးတက်လာနိုင်စေမည့် ရေတို-ရေရှည်လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန် စသဖြင့် ပြောကြားကြောင်း သိရသည်။

    ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သောလမ်းကို မိမိတို့ PNO က ရွေးချယ်ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲ များများ လုပ်ဆောင်စေလိုကြောင်း ခွန်ထွန်းရွှေက ဆက်ပြောသည်။

     “ကျနော်တို့ PNO ကတော့ ငြိမ်းချမ်းရေးကို ဦးတည်တယ်။ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပဲ ကျနော်တို့က ရွေးပြီးသားပဲလေ၊ များများ တွေ့ဆုံလေ၊ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အတိုက်အခံရော အစိုးရရော ဘယ်အဖွဲ့အစည်းမှ ကျနော်တို့ တိုင်းပြည်ကြီးက ကောင်စားမယ်၊ ကျနော်တို့ကတော့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ တိုင်းပြည်ကို ချစ်ကြဖို့ပဲ လိုတယ်လေ၊ အတ္တ၊ မာန စွဲ ဘာစွဲညာစွဲ ပါတီစွဲ နောက်ဆုံး ဒီဟာတွေကို ခဏဘေးဖယ်ထားပြီး တွေ့ဆုံဆွေးနွေးမှုကို များများ ဆွေးနွေးပေးစေချင်တယ်၊ ပုဂ္ဂိုလ်ရေးခင်တော့ တရားမြင်လာမှာပေါ့ဗျာ၊ များများတွေ့ဆုံဖို့ ကျနော်တို့ကတော့” ဟု ပြောသည်။

    NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က ဦးဆောင်၍ နိုင်ငံရေး၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး စသော ကဏ္ဍများဖြင့် ဆွေးနွေးသွားမည်ဟု ဆိုသည်။

    လက်ရှိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို အပစ်ရပ်လက်မှတ်ရေးထိုးထားသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks