spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်‌တောင်ပိုင်းဒေသတွင် နေ့ခင်းပိုင်းသာ ဖုန်းလိုင်းရရှိ

    ရေးမြို့နယ်‌တောင်ပိုင်းဒေသတွင် နေ့ခင်းပိုင်းသာ ဖုန်းလိုင်းရရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအများစုတို့ နေ့ခင်းပိုင်းသာ ဖုန်းလိုင်းရရှိပြီး ညပိုင်းတွင် ဖုန်းလိုင်းအားလုံးဖြတ်တောက်ခံနေရသည်ဟု ရေးဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ရေးတောင်ပိုင်း ဒေသခံအများစုတို့ အသုံးပြုနေသည့် MPT နှင့် Mytlel ဆင်းကဒ် ဖုန်းလိုင်းတို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ယနေ့အထိ ညပိုင်းတွင် ဖုန်းလိုင်းဖြတ်တောက်ခံထားရသဖြင့် အချိန်ကာလအားဖြင့် ၄ လနီးပါးအထိ ရှိလာကြောင်း ဒေသခံတို့မှ စုံစမ်းသိရှိရသည်။

    လက်ရှိအခြေအနေရ နေ့ခင်းပိုင်းတွင် ဖုန်းလိုင်းရရှိနေသည်ဆိုသော်လည်း လိုင်းဆွဲအားမရှိသဖြင့် လူသူနည်းပါးသည့်နေရာတို့တွင်သာ ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ပြီး အင်တာနက်အသုံးပြု၍ လုံးဝမရရှိနေဟု ဒေသခံတစ်ဦးက ဆိုသည်။

    ကျုံညဲဒေသခံတစ်ဦးက " ညဘက်ဆိုဘာလိုင်းမှမရတော့ဘူး၊ နေ့ဘက်ပဲရတယ်၊ ရွာထဲမှာဆိုလဲ သုံးမရဘူး ရွာအပြင်ဘက်မှာပဲ သုံးလို့ရတယ် ကျွန်မတို့အိမ်က ရွာအပြင်ဘက်မှာ ရှိနေလို့လိုင်းမိနေတာ၊ အစက အင်တာနက်ပါ သုံးရတယ်။ အခုက သုံးမရတော့ဘူး လိုင်းမ‌ကောင်းဘူး” ဟု ပြောသည်။

    ဖုန်းလိုင်းဖြတ်တောက်ခံရသည့်ဒေသခံတို့ ညပိုင်းကျန်းမာရေးအခြေအနေနှင့် ပဋိပက္ခကိစ္စတစ်စုံတစ်ရာတို့ဖြစ်လာပါက ဆက်သွယ်ရေး နှောင့်နှေးမှုဖြစ်ပြီး အသက်အန္တရာယ်အတွက် စိုးရိမ်မိကြောင်း ဆက်ပြောသည်။

    အလားတူ ယခုမတ်လအတွင်း ရေးမြို့နယ် ခေါဇာမြို့နှင့်အနီးတစ်ဝိုက်တွင်လည်း Atom နှင့် Ooredoo ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်းလည်း သိရသည်။

    “အစက ဖုန်းလိုင်းတွေ အင်တာနက်တွေ ရသေးတယ် လိုင်းမကောင်းဘူး တော်တော်ဆိုးတယ်၊ အခုတော့ လုံးဝပြတ်တောက်သွားတာ သုံးမရတော့ဘူး Ooredooက တခါတလရတယ် ဒါပေမယ့် သုံးမရဘူး လိုင်းမကောာင်းလို့၊ Mytel ရလို့ အဆက်သွယ်ရနေတာ မဟုတ်ရင် ဘာဆက်သွယ်မှ ရမှာမဟုတ်ဘူး” ဟု ခေါဇာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    သို့သော် Wifi အင်တာနက်လိုင်းတို့ ရရှိနေသဖြင့် အနည်းငယ်အဆင်ပြေကြောင်း ဆက်ပြောသည်။

    မည်သည့်အတွက်ကြောင့် ဖုန်းလိုင်းများဖြတ်တောက်ခံရသည်ကို အတိအကျ မသိရှိရသော်လည်း လျှပ်စစ်မီးအချိန်ရှည်ကြာ ပြတ်တောက်နေမှုတို့ကြောင့်လည်း ဖြစ်နိုင်သည်ဟု ဒေသခံတို့ သုံးသပ်ပြောဆိုလျှက်ရှိသည်။

     ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း အနည်းဆုံး ၈၁ မြို့နယ်တွင် စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ခဲ့ပြီး အထူးသဖြင့် စစ်ကောင်စီနှင့် စစ်ရေးပဋိပက္ခကြီးထွားရာနေရာဒေသများ ဖြစ်သည့်အပြင် စစ်ကောင်စီလက်လွှတ်ခဲ့သည့် မြို့နယ်အားလုံးနီးပါတွင် အင်တာနက်ဖြတ်တောက်ခဲ့ရကြောင်းလည်း မြန်မာအင်တာနက်ပရောဂျက်၏ အစီရင်ခံစာအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks