Saturday, April 11, 2026
More
    spot_img
    Homeသတင်းမွန်တက္ကသိုလ်ကျောင်းသားများကွန်ယက် (MUSN)မှ ထိုင်းနိုင်ငံအတွင်းပညာသင်ယူနေသည့် မွန်လူငယ်များ၏ ပညာရေးဆိုင်ရာကိစ္စများကို ကူညီသွားမည်

    မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက် (MUSN)မှ ထိုင်းနိုင်ငံအတွင်းပညာသင်ယူနေသည့် မွန်လူငယ်များ၏ ပညာရေးဆိုင်ရာကိစ္စများကို ကူညီသွားမည်

    -

    ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် မွန်လူငယ်များ၏ပညာရေးဆိုင်ရာအထောက်အကူဖြစ်စေရန်အတွက် “မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက်” (Mon University Students Network – Thailand) မှ ပညာရေးကိစ္စတို့ကို ကူညီဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

    ပညာရေးကူညီဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက်(MUSN) ၏ ဖိတ်ကြားချက်အရ ကျောင်းသား/သူ စုစုပေါင်း ၅၀ ဦးခန့်တို့က အွန်လိုင်းအပါအဝင် လူတွေ့ဆွေးနွေးပွဲတစ်ခုကို မဟာကျူလာလောင်ကွန်းတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။

     မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက်(MUSN) မှတဆင့် ထိုင်းနိုင်ငံအတွင်းရှိ ကျောင်းသားကျောင်းသူများ ပညာရေးအပြင် လူမှုရေးပိုင်းတွင်လည်း ပိုမို ချိတ်ဆက်ပူးပေါင်းပြီး တစ်ဦးချင်းစီ၏ ပညာရေးကို မြှင့်တင်နိုင်ရန် ပညာရေးဆိုင်ရာဖလှယ်မှုနှင့် ဝိုင်ဝန်းကူညီမှုများကို လုပ်ဆောင်သွားမည်ဟု (MUSN) အဖွဲ့ဝင်မွန်လူငယ်တစ်ဦးက ပြောသည်။

    “ခုလောလောဆယ်ကတော့ ဒီထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မွန်ကျောင်းသားတွေအချင်းချင်း၊ တစ်ကျောင်းနှင့်တစ်ကျောင်း၊ တစ်ယောက်နှင့်တစ်ယောက် ပိုမိုချိတ်ဆက်ပြီး ဒီကွန်ယက်ပိုမိုကြီးသွားအောင် လုပ်နေတယ်။ တက်လာမဲ့ ကျောင်းသားတွေကိုလည်း ကူညီပေးမယ်။ တဆင့်ပြီးဆင့် ကျွန်တော်တို့သွားမယ်ပေါ့နော်” ဟု အဖွဲ့ဝင်မွန်လူငယ်က ဆိုသည်။

    လက်ရှိ ထိုင်းနိုင်ငံတက္ကသိုလ်များတွင် ပညာသင်ကြားနေဆဲဖြစ်သည့် မွန်လူငယ်များအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ တိုးချဲ့ပေးနိုင်ရန်အပြင် လာရောက် ပညာသင်ကြားရန်ရှိသည့် မွန်လူငယ်တို့အတွက် ကျောင်းရွေးချယ်မှု၊ လျှောက်ထားပြင်ဆင်မှုနှင့် ဝင်ခွင့်ဆိုင်ရာ ကိစ္စတို့ကို  ဝိုင်းဝန်ဆောင်ရွက်သွားရန်ရှိကြောင်း (MUSN) အဖွဲ့ဝင်မွန်လူငယ်တစ်ဦးက ပြောသည်။

    “ခုကျွန်တော်တို့က လုပ်ရမယ့် လုပ်ငန်းစဉ်းတွေကို ချမှတ်နေတယ်။ ဥပမာ-ကျောင်းသားတစ်ယောက်ကျောင်းလာတက်ပြီးဆို သူတို့က ဘယ်လိုပြင်ဆင်သင့်လဲ၊ ဘာလုပ်သင့်လဲဆိုတာတွေကို၊ ဘယ်ပညာသင်ဆုက အဆင်ပြေလဲဆိုတာကို ကျွန်တော်က သူတို့အတွက် ပိုမိုလွယ်ကူသွားအောင် ညွှန်းပြပေးသွားမယ်” ဟု မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက်မှ ဦးဆောင်သူတစ်ဦးက ပြောသည်။ 

    မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက်(MUSN)ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကပင် မဟာကျူလာလောင်ကွန်း၊ ဘန်ကောက်နှင့် ချင်းမိုင်တက္ကသိုလ်မှ  မွန်လူငယ်ကျောင်းသားတို့က စတင်ဖွဲ့စည်းခဲ့သည်။

     သို့သော် ကျောင်းသားများ၏ ပညာရေးကိစ္စအခက်အခဲနှင့် အချိန်ခွဲဝေပေးနိုင်မှု အခက်အခဲကြောင့် ယာယီရပ်နားခဲ့ရကာ ယခု ၂၀၂၅ ခုနှစ်တွင် အဆိုပါ ကွန်ယက်ကို ထပ်မံပြုပြင်ပြီး  ပိုမို ထိရောက်သည့် အဖွဲ့လှုပ်ရှားမှုတို့ကို ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks