Homeသတင်းသထုံတွင် သံဃာတော်တစ်ပါးကို တူတော်စပ်သူက ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား

သထုံတွင် သံဃာတော်တစ်ပါးကို တူတော်စပ်သူက ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား

-

မွန်ပြည်နယ်၊ သထုံမြို့တွင် သံဃာတော်တစ်ပါးကို တူတော်စပ်သူ အမျိုးသားတစ်ဦးက ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းရှိ မဟာဗောဓိဘုန်းတော်ကြီးကျောင်းဝင်းတွင် သတင်းသုံးနေသည့် ခန်းနေကိုယ်တော် ဥူးဝေပုံလသည် ထိုးသွင်းဒဏ်ရာဖြင့် ပျံလွန်တော်မူနေသည်။

သက်တော် ၇၄ နှစ် ဝါတော် ၂၃ ရှိ ဥူးဝေပုံ‌လသည် သီတင်းသုံးရာအခန်းအတွင်း လည်ပင်း ထိုးသွင်းဒဏ်ရာဖြင့် ပျံလွန်တော်မူနေသည်ကိုတွေ့ရရှိခဲ့ရကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

“မနေ့ညပိုင်းက ဥူးဝေပုံလ သီတင်းသုံးတဲ့ အခန်းကို တူတော်စပ်တဲ့ ငြိမ်းချမ်းအောင် (ခ) ကျန်ကျောင်း ဆိုသူ ရောက်ရှိလာတယ်ဆိုပြီး စုံစမ်းသိရှိရလို့ ငြိမ်းချမ်းအောင်ကို ဒီနေ့ မနက်ပိုင်းမှာ ရှာဖွေတဲ့အခါမှာ ပိတောက်မြိုင်ရပ်ကွက်၊ ကျောက်လုံးကြီးလှေဆိပ်မှာ တွေ့ရလို့ ဖမ်းဆီးရမိထားတယ်” ဟု စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိထားသည့် ငြိမ်းချမ်းအောင် (ခ) ကျန်ကျောင်း၏ ထွက်ဆိုချက်အရ ၎င်းသည် ယမန်နေ့ညပိုင်းက အရက်မူးပြီး ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဥူးဝေပုံလထံ အရက်ဖိုးတောင်းရာ မပေးသည့်အတွက်ကြောင့် အရိုးအသွား ၈ လက်မခန့်ရှိ ကြက်သွန်လှီး ဓါးဖြင့် ဥူးဝေပုံလ၏ လည်ပင်းသို့ ထိုးသွင်းသတ်ဖြတ်ခဲ့သည်ဟု ထွက်ဆိုထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ငြိမ်းချမ်အောင် (ခ) ကျန်ကျောင်းကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts