spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူဒေသခံတို့ ဖုန်းလိုင်းနှင့်အင်တာနက်ရရှိမှု ပိုမိုခက်ခဲ

    ဘုရားသုံးဆူဒေသခံတို့ ဖုန်းလိုင်းနှင့်အင်တာနက်ရရှိမှု ပိုမိုခက်ခဲ

    -

    ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် အင်တာနက် တစ်လကျော်ကြာသည့်အထိ ဖြတ်တောက်ခံထားရပြီးနောက် လက်ရှိတွင် ဖုန်းလိုင်းနှင့် အင်တာနက်ရရှိမှု ပိုမိုဆိုးရွားလာနေကြောင်း သိရသည်။

    ဘုရားသုံးဆူမြို့တွင် ကျားဖျန့်အွန်လိုင်းငွေလိမ်လုပ်ငန်းကို နှိမ်နင်းနိုင်ရေးအတွက် ထိုင်းအာဏာပိုင် တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က လျှပ်စစ်မီးနှင့် လောင်စာဆီစတင်ဖြတ်တောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထိုင်းဆင်းကဒ်တို့ကိုပါ ဖုန်းလိုင်း ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

    ဖုန်းလိုင်းစတင်ဖြတ်တောက်ခံရသည့် ရက်ပိုင်းတို့တွင် ဒေသခံတို့ မြန်မာဆင်းကဒ် ATOM ကို ပြောင်းလဲအသုံးပြုလာရာမှ မတ်လ ၂၀ ရက်နေ့မှစ၍ ဘုရားသုံးဆူဒေသတွင် ဖုန်းလိုင်းလုံးဝပြတ်တောက်နေသည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်။

    လက်ရှိတွင် တစ်နေရာနှင့်တစ်နေရာ ဆက်သွယ်ရန် မလွယ်ကူတော့သည့်အပြင် အရေးပေါ် တစ်စုံတစ်ရာဖြစ်ပွားရာတွင်လည်း ဒေသခံပြည်သူတို့အကြား ဆက်သွယ်မှုအခက်အခဲရှိလာသည်ဟု သိရသည်။

    “အခုက သုံးဆူမြို့ပေါ်မှာ Telenor ဖုန်းလိုင်းလည်းမရတော့ဘူး။ ဖြတ်လိုက်ပြီး။ ဖုန်းလိုင်းရဖို့ဆို ထိုင်းဘက် ခြမ်းသွားရတယ်။ တစ်ချို့ကလည်း ဘုရားကုန်းဘက်သွားကြတယ်။ အဆက်အသွယ်ယူဖို့လည်း မလွယ်တော့ဘူး။ ခုတောင်ထိုင်းဘက်ခြမ်းမှာရှိနေတာ။ ဒီကနေပြန်ရင်လည်း ဘာလိုင်းမှ မရတော့ဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ထိုသို့ဆက်သွယ်ရေးအခက်အခဲကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကဒ်ရှိသည့် ဘုရားသုံးဆူဒေသခံတို့ ထိုင်းနိုင်ငံ၊ စံခလပူရီ ခရိုင်ဘက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည့်အခြေအနေလည်းရှိကြောင်း ဒေသခံတို့အကြား ပြောဆို လျှက်ရှိသည်။

     မြို့ခံ အမျိုးသားတစ်ဦးက "တစ်လကျော်နေပြီး အလုပ်အများစုက လျှပ်စစ်မီး‌နဲ့ အင်တာနက်ပဲ သုံးနေရတယ်လေ အထူးသဖြင့် ပန်းရံအလုပ်တွေလည်း နားထားရတယ်ပေါ့ မီးစက်လဲမရှိ၊ ဆိုလာလဲမရှိတော့၊ အင်တာနက်နဲ့သက်ဆိုင်တဲ့အလုပ်တွေ မလည်ပတ်နိုင်လို့ သိန်းရာချီနဲ့ရှုံးနေတဲ့သူတွေလဲရှိနေတယ်”ဟု အမျိုးသားတစ်ဦးက ပြောသည်။

    လုပ်ငန်းလည်ပတ်ရန်ခက်ခဲခြင်းနှင့် ရပ်နားထားရသည့်လုပ်ငန်းများကြောင့် ခြေခံလူတန်းစားမိသားစု ဝင်ငွေနှင့် အလုပ်အကိုင် လျှော့နည်းလာပြီး ကုန်ဈေးနှုန်းလည်း ယခင်ကထက် မြင့်တက်လာသဖြင့် ပြည်သူတို့၏ စားဝတ်နေရေး အခက်အခဲ ပြဿနာနှင့် ရင်ဆိုင်နေရသည်။

     လက်ရှိဘုရားသုံးဆူတွင် သောက်ရေသန့်တစ်ဘူး ၁၀ဘတ်မှ ၂၀ဘတ်အထိရှိပြီး သုံးစွဲရေ ရေတစ်ယူနစ် ၁၅ ဘတ်မှ ၂၂ဘတ်အထိ ဈေးမြင့်တက်လျှက်ရှိသည်။

    ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ချေမှုန်သည့်အနေဖြင့် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တလျှောက်ရှိ နေရာ ၅ ခုကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်တို့ကို ဖြတ်တောက်ခဲ့သည်။

    ဖေဖော်ဝါရီလမှစ၍ ယခုလက်ရှိတွင် တရားမဝင် အွန်လိုင်းငွေကြေးလုပ်ငန်များ အမြစ်ပြတ်နှိမ်နှင်းရန် ထိုင်းနိုင်ငံဘက်က ပေးထားသည့် လျှပ်စစ်မီး အပါအဝင် စက်သုံးဆီနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားလျှက် အဆိုပါ လုပ်ငန်းများပပျောက်ရေးအတွက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA )က ပူးပေါင်းပါဝင်ကာ အရေးယူဖမ်းဆီးခြင်းနှင့် ပြန်လည် ပို့ဆောင်ခြင်းများ ဆောင်ရွက်လျှက်ရှိသည်။

    သို့သော် ဘုရားသုံးဆူမြို့ပေါ်တွင် တရုတ်နိုင်ငံသားတို့ မတွေ့ရရှိသော်လည်း အခြားမြို့ပြင်နှင့် ဝေးရာတို့တွင် ယခု မတ်လ နောက်ဆုံ့အပတ်အထိ ဆက်လက်နေထိုင်နေဆဲ ဖြစ်ကြောင်း ဒေသခံတို့ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks