spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဂျဲန်ဒါ၊ အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအကြံပြုချက်ထုတ်ပြန်

    ဂျဲန်ဒါ၊ အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအကြံပြုချက်ထုတ်ပြန်

    -

    မြန်မာနိုင်ငံအတွင်းရှိ ဂျဲန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအကြံပြု ထုတ်ပြန်ချက်တစ်ခုကို အမျိုးသမီးအခွင့်အရေးနှင့် LGBTQIA+ အရေးဆောင်ရွက်နေသည့် အဖွဲ့စည်းများမှ ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

    အကြုံပြုစာတွင် ဂျဲန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းမပား၊ နိုင်ငံတကာနှင့် အာဆီယံအဖွဲ့တို့က ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်တို့ကို အဓိက တိုက်တွန်းထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်တကွ ဒေသတန္တရ အစိုးရတို့အနေဖြင့် အုပ်ချုပ်မှုမူဝါဒများတွင် ဂျဲန်ဒါ၊ အမျိုးသမီးနှင့် လုံခြုံရေးဆိုင်ရာ မူများကိုထည့်သွင်းကျင့်သုံးရန်၊ စွမ်းဆောင်ရည်မြှင့်အစီစဉ်များကို ဆောင်ရွက်ပေးရန်၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုနှင့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်များကို အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆောင်ကြည်းနိုင်ရေးအတွက် တိုင်ကြားရေးယန္တယားတစ်ခု ဖန်တီးရန်နှင့် အခြားလိုအပ်သည့်လုပ်ငန်းစဉ်တို့ကို ပူပေါင်းလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

    ထို့အပြင် ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ထိထိရောက်ရောက် တုံ့ပြန်ရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပပျောက်ရေးအတွက် ဒေသခံအဖွဲ့အစည်းများ၊ အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေသူတို့နှင့် ပုံမှန်ညှိနှိုင်းရန်၊ ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်တိုင်းတွင်အမျိုးသမီးများ အဓိပ္ပါယ်ရှိစွာပါဝင်မှု မြင့်မားလာစေရေးအပါအဝင် လူသားချင်းစာနာမှု ဆောင်ရွက်ချက်များတွင် ဂျဲန်ဒါတန်းတူညီမျှရေးတို့ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတို့က ထည့်သွင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။

    ထို့အပြင် အာဆီယံနှင့် နိုင်ငံတကာ အဖွဲ့အစည်းတို့လည်း အမျိုးသမီးနှင့် လျစ်လျူရှုခံရသူတို့၏ အသံကိုနားထောင်၍ ပိုမိုအားကောင်းသည့် ထောက်ပံ့ကြေးအစီအစဉ်တို့ကို ဆောင်ရွက်ရန် တိုက်တွန်းထားသေးသည်။

    အဆိုပါ အကြံပြုချက် ထုတ်ပြန်စာတို့ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်းက အမျိုးသမီးအခွင့်အရေးနှင့် LGBTQIA+ အရေးဆောင်ရွက်နေသည့် အဖွဲ့စည်းပေါင်း ၄၀ တို့မှ ပြုလုပ်ထားသည့် လူတွေ့ဆွေးနွေးများမှ ပေါ်ထွက်လာသည့် ဆွေးနွေးအကြံပြုချက်များကို အခြေံခံထားကြောင်း သိရသည်။

    Myanmar Women, Peace and Security (M-WPS)နှင့် Gender Equality Network အပါအဝင် အဖွဲ့အစည်းပေါင်း ၄၀ တို့သည် ကာလရှည်ကြာ ပဋိပက္ခများနှင့် အကြမ်းဖက်မှုဒဏ်ခံနေရသည့် အမျိုးသမီးများ၊ ဂျဲန်ဒါခံယူမှု ကွဲပြားစုံလင်သူများနှင့် ခြားနားသန်စွမ်းသူများအပါအဝင် လူ့အဖွဲ့အစည်းတွင် မသိကျိုးကျွန်ပြုခံထားရသူတို့၏ အသံကိုမြှင့်တင်ရန်နှင့် ၎င်းတို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး၊ လူ့အခွင့်အရေး ကာကွယ်ဆောင့်ရှောက်ရေးတို့ကို မှတ်တမ်းတင်ရန် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

    See insights

    Create Ad

    All reactions:

    2727

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks