Wednesday, March 18, 2026
More
    spot_img
    Homeသတင်းတစ်ပတ်အတွင်း  ရွှေတစ်ကျပ်သား ကျပ် ၂ သိန်းကျော်ဈေးမြင့်တက်

    တစ်ပတ်အတွင်း  ရွှေတစ်ကျပ်သား ကျပ် ၂ သိန်းကျော်ဈေးမြင့်တက်

    -

    မွန်ပြည်နယ် ရွှေဈေးကွက်မှ ဈေးနှုန်းသတ်မှတ်ချက်အရ ယခုမတ်လတတိယအပတ်အတွင်း  ရွှေတစ်ကျပ်သား ကျပ် ၂ သိန်းအထိ ဈေးနှုန်းမြင့်တက်လာနေကြောင်း  သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလ ၆၆ သိန်းကျော်ပေါက်ဈေးရှိခဲ့ရာ ယနေ့ရွှေအဖွင့်ဈေးနှုန်းအရ မီးလင်းအခေါက်ရွှေ တစ်ကျပ်သား  ၆၈ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။

    ကမ္ဘာ့ရွှေဈေးကြောင့်  ပြည်တွင်းရွှေဈေး မြင့်တက်လာခဲ့ပြီး ငွေဈေးပြောင်းလဲမှုမရှိဘဲ ရွှေဈေးသာမြင့်တက်နေသဖြင့် အရောင်းအဝယ် အခက်အခဲများရှိနေကြောင်း မွန်ပြည်နယ်မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    “ ငွေဈေးက ပုံမှန်ဆိုပေမဲ့ ရွေဈေးက တက်နေတယ် ဈေးမကျဘူး။ တစ်နေ့တစ်နေ့ ဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့ဘူး ကျောက်သင်ပုန်းမှာ ဈေးနှုန်းတွေ ပြောင်းရေးနေရတာ ခေါင်းပါမူးတယ်။  ငွေဈေးလည်းကောင်းရင်တော့ အမတို့ကသာတယ်ပေါ့ ၊ ငွေဈေးအရမ်းမကောင်းတော့ အခက်ခဲအများကြီးဖြစ်တယ် အရှုံးများတယ်” ဟု  သူက ဆိုသည်။

    လာမည့် ရက်ပိုင်းတွင်လည်း  ရွှေဈေးနှုန်းအနိမ့်ဘက်သို့ ကျနိုင်ချေမရှိဘဲ၊  သိန်း ၇၀ ကျော်အထိ ဆက်တက်သွားနိုင်ကြောင်းလည်း ရွှေလုပ်ငန်းရှင်တို့ ခန့်မှန်းပြောဆိုလျှက်ရှိသည်။

     ယနေ့ မတ်လ ၂၁ ရက် ကမ္ဘာ့ရွှေအဖွင့်ဈေးမှာ အမေရိကန်ဒေါ်လာ ၃,၀၃၁ အထိ ရှိနေပြီး ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,၈၅၇ သာရှိနေခဲ့သည်။

    အထက်ပါ ရွှေလုပ်ငန်းရှင်က “ ရောင်းလို့ မကောင်းဘူး။ အရင်နှစ်ကဆို တစ်လမှာ နားဆွဲသက်သက်နော် ထိုင်းငွေ ဘတ် ၁၆ သိန်း အထိရတယ်။ အခုက မရဘူး။ ဒီနှစ်က တစ်လမှ ဘတ် ၄ သိန်းလောက်ရဖို့တောင် ခက်ခဲနေတာ၊ အဲလိုဖြစ်နေတယ်” ဟု ဆိုသည်။

    ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မတည်ငြိမ်နေမှုကြောင့် ရောင်းမှား၊ဝယ်မှာ မဖြစ်ရန် သတိပြုစေလိုကြောင်း ရွှေဈေးစောင့်ကြည့် လေ့လာသူတို့က သတိပေးပြောဆိုထားသည်။

    စစ်ကောင်စီ ရွှေလုပ်ငန်းရှင်အသင်း၏ ဈေးနှုန်းသတ်မှတ်ချက်အရ ၁၆ ပဲရည်တစ်ကျပ်သား ၅၅၈၀,၀၀၀ ကျပ်ဖြစ်သည်။ အဆိုပါဈေးနှုန်းဖြင့် ရွှေဆိုင်များရောင်းဝယ်ရန် သတ်မှတ်ထားသော်လည်း ဆိုင်အများစုတို့ ပြင်ပဈေးနှုန်းဖြင့်သာ ရောင်းဝယ်လျှက်ရှိသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်မှ ပြည်တွင်းရွှေဈေးသည် ဆက်တိုက်မြင့်တက်လာခဲ့ရာ၊ ၂၀၂၄ ခုနှစ်တွင် တစ်ရက်အတွင်းကျပ် ၆ သိန်းခန့်အထိ ခုန်းတက်ကာ ရွှေတစ်ကျပ်သား၏ဈေးနှုန်းမှာ ကျပ် ၈၅  သိန်းအထိ မြင့်တက်ဖူးသည်Ï

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks