spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်သေဆုံး

    ကော့ကရိတ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်သေဆုံး

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တဘလုခို့ခီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားနှစ်ဦး ထိခိုက်သေဆုံးသွားခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်သည်။

    မတ်လ ၁၉ ရက်နေ့ နေ့လည် ၁၁ နာရီကျော်အချိန်အခန့်က စစ်ကောင်စီ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter တစ်စီးဖြင့် ကော့ကရိတ်မြို့နယ်၊ KNU ထိန်းချုပ်နယ်မြေအတွင်းရှိ တဘလုခို့ခီးကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တဘလုခို့ခီးကျေးရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဆိုးရွာသည့် ဒဏ်ရာများဖြင့် ထိမှန်သေဆုံးသွားခဲ့ပြီး နေအိမ်တစ်လုံးနှင့် ဂိုဒေါင်တစ်လုံးလည်း ထိမှန်ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

    ကော့ကရိတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ လာရောက်တိုက်ခိုက်သိမ်းပိုက်မည်ကို စိုးရိမ်နေသည့် စစ်ကောင်စီက မြို့ပေါ်နှင့် အနီးနားတစ်ဝိုက်ရှိ ကျေးရွာများ၊ တော်လှန်ရေးပူးပေါင်းတပ်များ လှုပ်ရှားနေသည်ဟု ယူဆရသည့် နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်လာသည်ဟု တော်လှန်ရေးအဖွဲ့တို့က ပြောသည်။

    “အရင်ကတော့ ကော့ကရိတ်မြို့အနီးက ရွာတွေကိုပဲ လက်နက်ကြီးနဲ့ လေယာဉ်နဲ့ ရမ်းသမ်းပစ်တာ။ အခုရက်ပိုင်းမှာ တိုက်ပွဲတွေတွေလည်း ပြင်းထန်လာနေတော့ တခြားဝေးတဲ့ရွာတွေဘက်ကိုလည်း လက်နက်ကြီးနဲ့ အဲလိုလေယာဉ်နဲ့ ပစ်ခတ်တာတွေ ရှိတယ်။ အခုလောလောဆယ် အောင်ဇေယျစစ် ကြောင်းကနေ စစ်ကြောင်း ၄ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာနေတယ်။ စစ်ကြောင်းတစ်ကြောင်းက လည်း ဦးတည်ထားပုံခြင်း မတူဘူးဗျ။ ဘယ်ဘက်ကို လှည်ပတ်သွားနေကြလည်း မသိဘူး။ ကော့ကရိတ်မြို့ကိုတော့ တော်လှန်ရေးအဖွဲ့တွေ တက်သိမ်းနိုင်တယ်လေ။ ဒါပေမဲ့ အခုလိုမျိုး လက်နက်ကြီးနဲ့ လေယာဉ်နဲ့ ပစ်ခတ်နေတော့ ပြောဖို့ခက်တယ်” ဟု ကော့ကရိတ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် မတ်လ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အစွန်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဒေါက်ပလန်(ဘော့ဒိုင်း) ကျေးရွာရှိ စာသင်ကျောင်းကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်းပျက်ဆီးဆုံးရှုံးမှုအပြင် လူထိခိုက်သေဆုံးမှု ရှိခဲ့သေးသည်။

    စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်သည့် နေရာများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိဖြင့် နေထိုင်သွားလာကြပါရန် တော်လှန်ရေးအဖွဲ့တို့က တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks