spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်ဘက် စစ်ကောင်စီ အင်အားဖြည့်တင်းထားပြီး ခုခံတိုက်ခိုက်နေ

    ကော့ကရိတ်ဘက် စစ်ကောင်စီ အင်အားဖြည့်တင်းထားပြီး ခုခံတိုက်ခိုက်နေ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို သိမ်းပိုက်နိုင်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြင်းထန်တိုက်ပွဲများ ဖော်ဆောင်လာနေသည့်အတွက် စစ်ကောင်စီဘက်က အင်အားထောင်နှင့်ချီ ဖြည့်တင်းထားပြီး ခုခံတိုက်ခိုက်နေသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    စစ်ကောင်စီက ကော့ကရိတ်မြို့ထဲကို အင်အားဖြည့်တင်းထားသည့်အပြင် အနီးနားတစ်ဝိုက်ရှိ ကျေးရွာများကိုလည်း ကင်းပုန်းဝတ်ချထားပြီး ကော့ကရိတ်မြို့ထဲကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် မတိုက်ခိုက်နိုင်အောင် ခုခံတိုက်ခိုက်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု ဆိုသည်။

    “အင်အားကတော့ သူတို့(စစ်ကောင်စီ) ဘက်က တောက်လျောက်ကို ဖြည့်နေတာ။ ကော့ကရိတ်မြို့ထဲ ကိုတော့ ခန့်မှန်းခြေအရ အင်အားထောင်နဲ့ချီ ရှိမယ်။ ပြီးတော့ ကော့ကရိတ်အနီးတစ်ဝိုက်က ကျေးရွာတွေဘက်မှာလည်း တပ်စွဲပြီး ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေ ကော့ကရိတ်မြို့ထဲကို ဝင်မတိုက်နိုင်အောင်တော့ ခံစစ်ပြင်ဆင်ပြီး အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်။ အဲကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်” ဟု မြေပြင်တိုက်ပွဲတွင် ပါဝင်နေသည့် တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    လက်ရှိတွင် ကော့ကရိတ်မြို့အနီး တတန်ကူးကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ကော့နွှဲ၊ ရွာသစ်ကုန်း စသည့် ကျေးရွာများနှင့် အာရှလမ်းမကြီးနှင့် ဆက်စပ်နေရာတို့တွင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ဖြစ်ပွားနေသည်ဟု ဆိုသည်။

    “အခုလောလောဆယ် တတန်ကူးရွာဘက်မှာတော့ အတော်လေးကို ပြင်းထန်နေတယ်။ မနေ့ကပွဲမှာတော့ နှစ်ဖက်စလုံးက ထိတာ၊ ကျတာ များတယ်။ သူတို့ဘက်က ဆယ်ဂဏန်းလောက် ကျသွားတာ ရှိတယ်။ ကော့နွှဲနဲ့ ရွာသစ်ကုန်းတွေဘက်မှာလည်း ဖြစ်နေဆဲပဲ။ ခနိမ်းမူဘက်မှာလဲ အင်အားဖြည့်ပေးလာတာတွေရှိသလို မနေ့ကဆို စကခ ၁၂ ကနေ အင်အား ၆၀ ကျော် ၇၀ လောက် ထပ်ဖြည့်လာတာတွေ ရှိပါတယ်။ ရွာသစ်ကုန်း ကော့နွဲ့ဘက်တွေမှာတော့ စကစက အင်အားဖြည့်လာပြီး ကင်းပုန်းချတာတွေ ရှိပါတယ်။ အဓိကက အာရှလမ်းမကြီးနဲ့ ဆက်စပ်နေတဲ့ နေရာတွေပေါ့။ သူတို့ဘက်ကတော့ ဒရုန်းတွေ အသုံးပြုပြီး ၅ လုံးတွဲ ဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်နေတာလည်း ရှိတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ကော့ကရိတ်မြို့ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းပစ်ကူမှုနှင့် ထိုးစစ်ဆင်လာမှုများကြောင့် ကော့ကရိတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်လက်လွှတ်ခဲ့ရသည်။

    စစ်ကောင်စီဘက်က ကော့ကရိတ်မြို့နှင့် အနီးနားတစ်ဝိုက်ရှိ ကျေးရွာများကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည့်အတွက် အပြစ်မဲ့ပြည်သူ ထိခိုက် သေဆုံးမှုလည်း ဆက်တိုက်ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks