spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းသင်္ကြန်ကာလနီးကပ်လာသဖြင့် စားသောက်ကုန်ပစ္စည်းအချို့ စျေးနှုန်းထပ်မံမြင့်တက်နေ

    သင်္ကြန်ကာလနီးကပ်လာသဖြင့် စားသောက်ကုန်ပစ္စည်းအချို့ စျေးနှုန်းထပ်မံမြင့်တက်နေ

    -

    စစ်ကောင်စီမှ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးတားဆီးပိတ်ပင်နေမှုနှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် သင်္ကြန်ရက်နှင့် နီးကပ်လာချိန်တွင် မွန်ဒေသအတွင်း စားသောက်ကုန်ဈေးနှုန်းတို့ ထပ်မံမြင့်တက်နေကြောင်း အိမ်ရှင်မတို့မှတစ်ဆင့် သိရသည်။

    လက်ရှိဈေးကွက်အတွင်း၌ ဆန်ကြမ်း၁၂ပြည်ကို ၆၅၀၀၀ကျပ်၊ ထိုင်းထုတ်ဆီတစ်လီတာကို ၈၅၀၀ကျပ်၊ ကြက်သွန်နီတစ်ပိဿကို ၅၀၀၀ကျပ်၊ အထုပ်၃၀ပါကော်ဖီမစ်တစ်ထုပ်ကို ၂၈၀၀၀ကျပ်ပေါက်ဈေးရှိပြီး ယခင် ဖေဖော်ဝါရီလကဈေးနှုန်းထက် ၂ ထောင်နီးပါးအထိ ဈေးနှုန်းမြင့်တက်လာနေကြောင်းဆိုသည်။

    ထို့အတူ သင်္ကြန်ကာလအနီးတွင် ကုန်ပစ္စည်း အရောင်းဝယ်ပိုသွက်နေသဖြင့် ကုန်ရောင်းဝယ်နေသူတို့မှ ဈေးမြှင့်တင်ရောင်းချသည့်အခြေအနေတို့လည်းရှိနေပြီး လက်လုပ်လက်စားလူတန်စားတို့အတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာနေသည်။

    သံဖြူဇရပ်မှ အိမ်ရှင်မတစ်ဦးက “မီးသွေးရောင်းရာကနေ ရတဲ့ပိုက်ဆံတွေကိုတော့ ဆန်ဝယ်တာလောက်ပဲတတ်နိုင်တယ်။ ကျန်တဲ့ဆီ ဆားတွေကကျတော့ ချွေသာသုံးကြမှ အဆင်ပြေကြမယ်။ ငရုတ်သီးတစ်ပိဿာ ၂သောင်းခွဲ၊ ကြက်သွန်နီတစ်ပိဿ ၅ ထောင်တဲ့ တစ်ခါမှမကြားဖူးတဲ့ဈေးတွေ။ သင်္ကြန်နဲ့နီးလေ ကုန်ဈေးနှန်းတွေကတက်လေပဲ” ဟု ဆိုသည်။

    ထို့အပြင် သင်္ကြန်ရက်ရောက်သည်အထိ ထိုင်းနိုင်ငံထုတ် မုန့်ပဲသရေစာနှင့် အချိုရည်နှင့် သင်္ကြန်ရက်အတွင်း အသုံးများသည့် ကုန်ပစ္စည်းတို့ အတက်ဘက်သာရှိနေမည်ဟုလည်း ကုန်းပစ္စည်းရောင်းဝယ်နေသူတို့မှ သိရသည်။

    ကုလသမဂ္ဂပညာရှင်တို့၏ သုံးသပ်ချက်အရသည်လည်း စစ်ကောင်စီ၏တားဆီးပိတ်ဆို့မှု၊ ပြင်းထန်လာသည့် ရာသီဥတုအခြေနေကြောင့် မြန်မာနိုင်ငံတွင် ဆန်၊ ဆီ၊ ဆား နှင့်ပဲအပါဝင်အဓိကအားထားရသည့် ရိက္ခာဈေးနှုန်းတို့က လက်ရှိကုန်ဈေးနှုန်း၏ ၃၀ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်လာနိုင်ချေရှိသည်ဟု ခန့်မှန်းပြောဆိုထားသည်။

    လက်ရှိတွင်လည်း လအလိုက်နှင့်မြင့်တက်နေသည့်စားသောက်ကုန်ဈေးနှုန်းတို့ကြောင့် ပူပြင်းသည့်နွေရာသီတွင်လည်း မွန်ဒေသခံတို့ ရော်ဘာလုပ်ငန်းဆက်လက်လုပ်ကိုင်နေရဆဲဖြစ်ကြောင်းကို မုဒုံမြို့နယ်မှအိမ်ရှင်မတစ်ဦးက ဆိုသည်။

    “သူများတွေက ရော်ဘာလုပ်ငန်းကိုရပ်နားကြကုန်ပြီး။ ကျွန်မတိုတွေကအခုအထိရော်ဘာခြစ်နေတုန်း ပါပဲ။ ဒီအတိုင်းအပေါ်ယံလောက်ပဲကြည့်ရင်တော့ ရော်ဘာ ၂ ထောင်ဈေးလောက်ရနေတာက ဈေးကောင်းရနေတယ်လို့ပြောနိုင်တာပေါ့။ ဒါပေမဲ့ ဟင်းသီဟင်းရွက်တွေကအစ အကုန်လုံးဈေးတက်နေတော့ တစ်နေ့တာအတွက်လောက်ငှမှုရှိအောင်တော့ အခက်ခဲနဲ့စီမံရတုန်းပါပဲ။” ဟုဆိုသည်။

    စစ်တပ်အာဏာမသိမ်းမှီ ကာလတွင် အခြေခံလူတန်းစားတို့ တစ်ရက်ဝင်ငွေ ၅ထောင်ကျပ်ဖြင့် စားဝတ်နေရေး လောက်ငှမှုရှိသော်လည်း လက်ရှိတွင် တစ်ရက်ဝင်ငွေ ၂ သောင်းဝန်ကျင်ရှိမှသားမိသားစုစားဝတ်နေရေးလောက်ငှရှိနေကြောင်း ဆိုသည်။

    လာမည့်နွေတွင် ရေရှားပါးသည့်ပြဿနာနှင့်ရင်ဆိုင်ဖွယ်ရှိသည့်အတွက် ရေကအစ ဝယ်ယူသုံးစွဲနိုင်ဖွယ်ရှိသည့်အတွက် ပြည်သူတို့၏နေ့စဉ်စားဝတ်နေရေးအခြေနေကို ပိုမိုကြပ်တည်းစေမည့်အပြင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် လက်လုပ်လက်စားရပ်ကွက်တို့တွင် နှစ်စဥ်ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်နေရသည်။

    ပြည်တွင်းကုန်ဈေးနှုန်းတို့ လက်ရှိအတိုင်းသာဆက်တက်မည်ဆိုရင် အခြေခံလူတန်းစားတို့၏ စားဝတ်နေရေး စိုးရိမ်ပူပန်ဖွယ်ဖြစ်လာမည်ဟုလည်း စီးပွားရေးသုံးသပ်သူအချို့က ဆိုကြသည်။

    ကုန်ဈေးနှုန်းမြင့်တက်လာနေခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ဒေသခံများအကြား ခိုးစိုးလုယက်မှုအခြေနေက သေနတ်ကိုင်ဆောင်ပြီးလူမမြင်ကွင်းမှာပါမကျန် ရာဇဝတ်မှုများကျုးလွန်းလာနေသည်။

    ထို့အပြင်ယခုရက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၇ သိန်းကျော် စံချိန်တင်မြင့်တက်နေပြီး ထိုင်းဘတ်ငွေလဲနှုန်းသည်လည်းကျပ်ငွေတစ်သိန်းကို ၇၇၅ ဘတ်သာပေါက်ဈေးရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks