spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမြဝတီ- ဘားအံလမ်းပိုင်းတွင် ထိုင်းမတရားမဝင်ထုတ်ကုန်များကို ဟန်ပြဖမ်းဆီးခြင်းသာဖြစ်သည်ဟုဆို 

    မြဝတီ- ဘားအံလမ်းပိုင်းတွင် ထိုင်းမတရားမဝင်ထုတ်ကုန်များကို ဟန်ပြဖမ်းဆီးခြင်းသာဖြစ်သည်ဟုဆို 

    -

    ကရင်ပြည်နယ် ၊  ဘားအံလမ်းပိုင်းတွင် ယခုမတ်လအတွင်း မြဝတီမြို့မှ တစ်ဆင့်တင်သွင်းလာသည့် တရားမဝင်ထိုင်းထုတ်ကုန်များကို  ဖမ်းဆီးနေခြင်းသည် စစ်တပ်လက်အောက်ခံအဖွဲ့တို့က ဟန်ပြဖမ်းဆီးသည့် သဘောသာဖြစ်သည်ဟု ယာဉ်မောင်းတို့က ပြောဆိုလျှက်ရှိသည်။

    စစ်ကောင်စီမှ မန္တလေး၊ ကရင် ၊ မွန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ နှစ်ရက်တာတွင် ကျပ်သိန်းပေါင်းနှစ်သောင်းဝန်းကျင်တန်ဖိုးရှိသည့် တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း မတ်လ ၁၆ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

    အဆိုပါ ဖမ်းဆီးရမိသည့် သိန်းပေါင်းသောင်းကျော် တန်ဖိုးရှိသည့် ကုန်ပစ္စည်းတို့သည် ကုန်တင်ယာဉ်  ၃ စီးစာတန်ဖိုးရှိသည့် ကုန်စည်တို့သာဖြစ်ပြီး အကောက်အခွန်ဌာနနှင့်ညှိနှိုင်းကာ ပြန်လည်ထုတ်ပေးနေသည်ဟု မြဝတီသို့သွားလာနေသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။ 

    “ ခဏရပ်ခိုင်းပြီး မှတ်တမ်းယူတာလောက်ပဲ ပြီးရင် ပြန်လွှတ်တာပဲလေနော်၊ အခုကဝန်ထမ်းတွေလုပ်စားနေတဲ့ခေတ်လေ သူတို့လွှတ်ရင်သူတို့ရတယ် ဟိုကပေးရင်သူတို့ရတယ် ဒီတိုင်းသတင်းစားထဲမှာထည့်ပြီး လူအများ သိအောင်ပါပဲ၊  မြဝတီကနေဆင်းလာတဲ့ကားတွေကလည်း တစ်ဦးတစ်ယောက် တစ်ဖွဲ့ကိုပဲပေးထားရတာမှ မဟုတ်တာ ”ဟု ၎င်းကပြောသည်။

    ပြီးခဲ့သည့် မတ် ၅ ရက် ညပိုင်းတွင်လည်း ကရင်ပြည်နယ် ဘားအံမြို့အနီး ထိုင်းနိုင်ငံမှ တင်သွင်းလာသော ကုန်စည်များကို သယ်ဆောင်သည့် ကုန်တင်ယာဉ် ၃၅၉ စီး ဖမ်းဆီးခံရပြီး ၎င်းတို့အနက် ဂျူတီအကောက်စာရွက်နှင့် တရားဝင်လိုင်စင်ပါသော ၉၃ စီးကို ဒဏ်ကြေးငွေချမှတ်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

    ယနေ့အထိလည်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို  ရဲတပ်ဖွဲ့အပါအဝင် စစ်ကောင်စီအရှေ့တောင်တိုင်းအဖွဲ့တို့ကအရှိန်မြှင့် လုပ်ဆောင်လျှက်ရှိပြီး ဘာအံ စက်မှုဇုန်အနီးတွင် စောင့်ဆိုင်း ဖမ်းဆီးစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်သည်။

    သွင်းကုန်လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ ယခုကဲ့သို့လိုင်ကြေးစစ်ဆေးနေခြင်းသည် ကုန်တင်ယာဉ်နှင့် ကူးသန်းရောင်းဝယ်သူတို့ ငွေကြေးပိုမို ပေးဆောင်ကာလုပ်ဆောင်နေရသဖြင့် စားသုံးသူများ ထိခိုက်နစ်နာစေသည်ဟုလည်း ၎င်းကဆက်ပြောသည်။

    ဖမ်းဆီးခံနေရသည့် ယာဉ်များသည် မြဝတီမြို့မှ ထွက်ခွာလာချိန်မှ စ၍လမ်းတစ်လျှောက် လက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီဂိတ်များတွင် ကြေးငွေပေးသွင်းကာ ဖြတ်သန်းခဲ့ကြောင်းလည်း အခြားယာဉ်မောင်းတစ်ဦးက ဆိုသည်။

    “  ၃၀ တန်လောက်ပစ္စည်း တင်တော့မယ်ဆိုရင် ကားတစ်စီးဆိုရင် လမ်းကြေးသိန်း ၆၀ လောက်ကို အေးဂျင့်ကယူပြီးတော့ သက်ဆိုင်တဲ့ လမ်းပိုင်းတစ်လျှောက် အုပ်ချုပ်သူတွေကို မျှပေးကြတယ်ပေါ့  DKBA၊BGF  စစ်တပ်အပါအဝင်ပေါ့လေ၊ ဒါတင်မကဘူး လမ်းပေါ်မှာရှိတဲ့ ဝါးတားဂိတ်လို့ခေါ်တဲ့ ဂိတ်တွေမှာလည်း သောင်းဂဏန်းကနေ သိန်းအထိပေးရတာရှိတယ် ” ဟု ၎င်းက ပြောသည်။ 

    ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်နေကြောင်း သက်ဆိုင်ရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီထံ တိုင်ကြားမှုများရှိလာသည့်အတွက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးကိုယ်တိုင်ဦးစီးကာ နေပြည်တော်မှ စစ်ဆေးရေးအဖွဲ့များအပါအဝင် ဌာနဆိုင်ရာပေါင်းစုံမှ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

    ကော့ကရိတ်မြို့နယ်အတွင်း စစ်တပ်နှင့် KNU, KNLA, PDF ပူးပေါင်းအဖွဲ့များအကြားပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ထိုင်းနိုင်ငံနှင့်နယ်စပ်ကုန်သွယ်ရေးအရေးပါသည့် အာရှလမ်းမကြီးကိုဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့သည်။

     တရားဝင်လမ်းဖြစ်သည့် ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်ပစ္စည်းများ ဖြတ်သန်းခွင့် မပြုသော်လည်း၊ အခွန်ပေးဆောင်ပြီး၊ DKBAနှင့် BGF တို့ ထိန်းချုပ်ထားသည့် ဂိတ်မှတစ်ဆင့် နေ့စဉ်ကုန်ပစ္စည်းများ သယ်ယူဖြတ်သန်းခွင့်ရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks