Homeသတင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲကြောင့်  လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးတင်းကြပ်နေ

တက္ကသိုလ်ဝင်တန်းစာမေးပွဲကြောင့်  လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးတင်းကြပ်နေ

-

 ယနေ့မတ်လ ၁၇ ရက်နေ့တွင်ကျင်းပသည့် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်တွင် မွန်ပြည်နယ်ရှိ မြို့အဝင်အထွက်နှင့် စားစစ်ဌာနနှင့် နီးစပ်သည့်နေရာတို့တွင်  စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးကို တိုးမြှင့်ထားပြီး စစ်ဆေးတင်းကြပ်နေကြောင်း ဒေသခံတို့က ဆိုသည်။

 မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ လမိုင်း၊ ရေး စသည့် စာစစ်ဌာနအဖြစ် သတ်မှတ်ထားသည့် ကျောင်းဝန်းကျင် အတွင်းအပြင် အရပ်လေးမျက်နှာတွင်လည်းကောင်း ၊အနီးအနားရှိ နေအိမ်များတွင်လည်းကောင်း စစ်ကောင်စီအဖွဲ့တို့  စောင့်ဆိုင်းကာ လုံခြုံရေးယူနေကြောင်း သိရသည်။

သံဖြူဇရပ်မြို့ပေါ်ဒေသခံတစ်ဦးက “ လုံခြုံရေး တင်းကြပ်ထားတယ်၊ ကင်းစောင့်နေကြတယ်၊ သွားလာတာ စစ်ဆေးတာရှိတယ်၊ စာဖြေနေတဲ့ အချိန်မှာ လမ်းတွေကို ပိတ်ထားရှိတယ်၊ အခြားလမ်းတွေသွားရတယ်။ပြီးတော့ ရွာတွေမှာရှိတဲ့ ကလေးတွေကိုလည်း ကားနဲ့လိုက်ပို့ပေးတယ်။ ဒီအတောအတွင်းမှာ ဘာမှအမှားအယွင်းမရှိအောင် လုပ်နေတယ်ပေါ့ ” ဟု ဆိုသည်။

ကျေးရွာမှ မြို့ပေါ်သို့ စာမေးပွဲလာရောက်ဖြေဆိုမည့် ကျောင်းသား/သူတို့ကိုလည်း စစ်ကားများဖြင့် အကြိုအပို့လုပ်ဆောင်ပေးလျှက်ရှိကြောင်း ဆက်ပြောသည်။

ထို့အပြင် စာမေးပွဲရက်အတွင်း အခမ်းအနားနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန်၊ အသံချဲ့စက်များမဖွင့်ရန်၊ မီးသတ်ယာဉ်နှင့် လူနာတင်ယာဉ်လည်း မီးလည်နှင့် မီးတန်းများ၊ ရှေ့မီးကြီးများဖွင့်၍ မောင်းနှင်သွားရန် စသည့် တားမြစ်ချက်များကို Viber မှတဆင့် ပြည်နယ်အုပ်ချုပ်ရေးမှုတို့က ကယ်ဆယ်ရေးအဖွဲ့များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ  “  ဥဩအသံမဖွင့်ဖို့ မီးတွေနဲ့ပဲ မောင်းဖို့ အသိပေးထားတယ်ပေါ့နော် လိုက်နာဆောင်ရွက်ပေးဖို့ ဌာနကနေ စာထွက်ထားတာပေါ့နော်၊ လိုက်နာဆောင်ရွက်ပေဖို့၊ ပွဲတွေ ဆူညံသံတွေခွင့်မပြုဘူး၊ ပြီးတော့ မနက်မှာဆိုရင် ကားတွေကို မစစ်သေးဘူး၊ ညနေ့ပိုင်းရောက်မှ ကားတွေ ယာဉ်တွေကို ပုံမှန်ပြန်စစ်လိမ့်မယ် ထင်တာပေါ့နော် ” ဟု ကိုဘိုဘိုဝင်းက ပြောသည်။

ယနေ့ မတ်လ ၁၇ ရက်နေ့မှစ၍ ၂၂ ရက်နေ့အထိ ဘာသာတွဲအလိုက် ပိတ်ရက်မရှိ ကျင်းပသွားမည်ဖြစ်ပြီး မွန်ပြည်နယ်တွင် စာစစ်ဌာန ၂၃ နေရာနှင့် ဝင်ရောက်ဖြေဆိုသူ ၈၉၀၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် အခြေခံပညာဦးစီးဌာ၏ တက္ကသိုလ်ဝင်စာမေးပွဲအချက်အလက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား/သူ ၅၇၆၉ ဦးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts