spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်၊ ဝဲခမိရွာတွင် ခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ရှဒဏ်ရာရ

    သံဖြူဇရပ်၊ ဝဲခမိရွာတွင် ခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ရှဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာတွင် ခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်ရှဒဏ်ရာ ရရှိသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာနေ အသက် ၄၃ နှစ်အရွယ် ခြံလုပ်သား ဦနန္ဒာထွန်းဆိုသူသည်။

    ဝဲခမိကျေးရွာအနီး ရော်ဘာခြံသို့အသွား လမ်းတွင် မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးနန္ဒာထွန်းသည် ဘယ်ဘက်ခြေကျင်းဝတ်ပြတ်ဒဏ်ရာရရှိသည့်အပြင်၊ ညာဘက်ခြေသလုံး၊ ဘယ်ဘက်လက်ဖျံနှင့် ဘယ်ဘက်မေးအောက် မိုင်းစထိမှန် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “ခြံရှင်းဖို့ ခြံသွားတာ လမ်းမှာပဲ ထောင်ထားတဲ့မိုင်းကို နင်းမိသွားတယ်။ ဒဏ်ရာကတော့ အများကြီးရသွားတယ်။ အခု ဆေးရုံမှာ ဆေးကုနေရတယ်။ ကျွန်တော်တို့ဘက်က အဲလိုမျိုး ခြံသွား၊ တောထဲသွားရင်း မိုင်းနင်းမိတဲ့ဟာက မကြာခဏကြားနေရတယ်။ ဘယ်သူထောင်ထားလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

    မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးနန္ဒာထွန်းသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကို သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံမှတဆင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဆိုသည်။

    သံဖြူဇရပ်မြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မြေမြုပ်မိုင်း နင်းမိပေါက်ကွဲသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် မြေမြုပ်မိုင်းအန္တရာယ် တကျော့ပြန်လည်ကြုံတွေ့လာရပြီး စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေသည့် သံဖြူဇရပ်၊ ရေး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရောမြို့နယ်အတွင်းက ဒေသခံပြည်သူများ မြေမြုပ်မိုင်းအန္တရာယ် ဆိုးရွာစွာ ရင်ဆိုင်ကြုံတွေ့လာကြရသည်။

    စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က ကျိုက်မရောမြို့နယ် မရမ်းကုန်းကျေးရွာနေ လင်မယားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားဖြစ်သူသည် သေဆုံးခဲ့ကာ အမျိုးသမီးတွင်လည်း ပြင်းထန်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks