Homeသတင်းဂျိုင်းတံတားဖွင့်ပွဲအခမ်းအနား MLA က ဒရုန်းဖြင့် တိုက်ခိုက်

ဂျိုင်းတံတားဖွင့်ပွဲအခမ်းအနား MLA က ဒရုန်းဖြင့် တိုက်ခိုက်

-

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာရှိ ကျူံဒုံး-ဂျိုင်းတံတာဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၏ Spring UAV Force – G3 Fixed-Wing အဖွဲ့က ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းအချိန်က ဂျိုင်းမြစ်တံတားဖွင့်ပွဲ အခမ်းအနားကျင်းပရန် ပြင်ဆင်နေချိန်တွင် ဗုံးသီး ၃ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားခဲ့ကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ပြောသည်။

“အဲထဲမှာ ဝန်ကြီးဌာနကရော၊ တိုင်းမှူးကရော အကုန်လာကြတယ်။ သူတို့ဖဲကြိုးဖြတ်ပြီးချင်းမှာပဲ ကသုက်ကရက် ထွက်ပြေးသွားခဲ့ကြတယ်။ တပ်သား ၃ ယောက်လောက်က ဒဏ်ရာရခဲ့ပြီး ကားနဲ့ သယ်ထုတ်သွားတာ တွေ့ရတယ်။ စိတ်မကောင်းစွာနဲ့ပဲ တံတားဟောင်းဘက်ခြမ်းက မူလတန်းကျောင်းအနီးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တစ်ယောက်လည်း နည်းနည်းထိခိုက်သွားခဲ့တယ်” ဟု MLA တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရသွားသည့်အပေါ် ဝမ်းနည်းကြောင်းနှင့် ပြည်သူများအနေဖြင့် စစ်ကောင်စီကျင်းပပြုလုပ်သည့် မည့်သည်အခမ်းအနား၊ ပွဲလမ်းသဘင်များကိုမဆို မတက်ရောက်ကြရန်၊ ၎င်းတို့၏ ဂိတ်စခန်း၊ တပ်စခန်းနှင့် တပ်စွဲထားသည့်နေရာအနီးတစ်ဝိုက်တွင် နေထိုင်ခြင်း မပြုလုပ်ရန် MLA က ထုတ်ပြန်ထားသည်။

ဂျိုင်းမြစ်တံတားဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချူပ် ဦးစောမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချူပ် ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချူပ် ဦးညွှန့်လင်း၊ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ စုစုပေါင်းလူဦးရေး ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts