spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းအမျိုးသမီးသေဆုံးမှုမြင့်တက်နေဆဲဖြစ်ပြီး  ဖေဖော်ဝါရီလအတွင်း (၆၆) ဦးသေဆုံး

    အမျိုးသမီးသေဆုံးမှုမြင့်တက်နေဆဲဖြစ်ပြီး  ဖေဖော်ဝါရီလအတွင်း (၆၆) ဦးသေဆုံး

    -

    အကြမ်းဖက်စစ်အုပ်စု၏ နည်းမျိုးစုံ လူ့အခွင့်အရေးချိုးဖောက်နေမှုကြောင့် အမျိုးသမီးများနေ့စဉ်နှင့်အမျှ ထိခိုက်ဒဏ်ရာရရှိပြီး အသက်သေဆုံးမှုမြင့်တက်နေဆဲဖြစ်ရာ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမျိုးသမီး ၆၆ ဦး အသက်သေဆုံးခဲ့ရသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့(BWU)မှ စုစည်းထားသည့် အချက်အလက်အရ သိရသည်။

    အသက်ဆုံးရှုံးရသည့်အကြောင်းအရင်များသည် အကြမ်းဖက်စစ်အုပ်စုတို့၏ လေကြောင်းတိုက်ခိုက်မှု၊ ပြည်သူများ၏ ရွာနှင့်နေအိမ်များအား လက်နက်ကြီးဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှု၊ မီးရှို့သတ်ဖြတ်မှု၊ မြေမြှပ်မိုင်း နင်းမိပေါက်ကွဲမှုနှင့် အကျဉ်းထောင်အတွင်း ဆေးကုသဖွင့်မရှိခြင်းတို့ဖြစ်ကြောင့်ဖြစ်ပြီး သေဆုံးသူတို့အနက် ၁၃ ဦးတို့သည် အသက် ၁၈ နှစ်အောက်များဖြစ်ကြောင်း ဖော်ပြထားသည်။

    ယခုလတွင်လည်း စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခြင်းကို ပိုမိုအသုံးပြုကာ အကြမ်းဖက်လုပ်ရပ်များကို တွင်ကျယ်စွာ လုပ်ဆောင်နေကြောင်းဆဲဖြစ်သည်။

    အချက်အလက်ဒေတာအရ အမျိုးသမီးသေဆုံးမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေသည့်အပြင် တရားမျှတမှု ရရှိရေး အားနည်းနေသေးသည့်အပေါ် မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီအတွက် နှောင့်နှေးသွားနိုင်ကြောင်း BWU မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

    “လက်ရှိအထိက တရားဥပဒေအရက အားနည်းနေသေးတယ်၊ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ မူတွေ ပေါ်လစီတွေအရမ်းကို အားနည်းနေတာတွေ့ရတယ်၊ ဒါကြောင့်မို့ ဒီလိုမူတွေ ပေါ်လစီတွေမရှိပဲနဲ့ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ကျမတို့မြင်ချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ဖြစ်လာဖို့ ကျမတို့အချိန်တွေအများကြီးလိုအပ်လာမှာကို စိုးရိမ်မိတယ်” ဟု ပြောသည်။

     စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသမီးသေဆုံးမှု လစဉ်အများဆုံးရှိနေပြီး ဖေဖော်ဝါရီလအတွင်း မွန်ပြည်နယ်အတွင်း အမျိုးသမီးသေဆုံးမှုမရှိသော်လည်း အခွင့်ရေးချိုးဖောက်ခံရမှုနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းအကြမ်းဖက်ခံရမှုတို့ များနေဆဲဖြစ်ကြောင်း ဆက်ပြောသည်။

    "ပဋိပက္ခကြားမှာမဟုတ်ပေမဲ့ ကျမတို့အမျိုးသမီးတွေက  စိတ်ပိုင်းဆိုင်ရာအရ ရုပ်ပိုင်းဆိုင်ရာအရ ပြီးတော့စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အရ အကြမ်းဖက်မှုတွေအများကြီးတွေ့ရတယ်ပေါ့နော် ဆိုတော့ မွန်မှာတင်မဟုတ်ပါဘူး အမျိုးမျိုးသောအကြမ်းဖက်မှုတွေကို နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျမတို့အမျိုးသမီးတွေက ကြုံနေရပါတယ်"ဟု BWU မှ ပြောသည်။

    ထို့သို့ အကြမ်းဖက်မှုများနေ့စဉ်ရင်ဆိုင်နေရသည့်အပေါ်  တတ်နိုင်သမျှ ထုတ်ဖော်ပြောဆိုမှု ပြုရန်နှင့် တရားမျှတမှုရရှိရေး သက်ဆိုင်သည့် တိုင်းရင်းသား အမျိုးသမီးအဖွဲ့တို့နှင့် ချိတ်ဆက် ဆက်သွယ်ရန်လည်း တိုက်တွန်းထားသည်။

    MoWYCA၊ AAPP, BWU မှ စစ်တမ်းတို့အရ အကြမ်းဖက်စစ်ကောင်စီဖက်က လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ လူမဆန်စွာသတ်ဖြတ်မှု၊ မတရားဖမ်းဆီးညှင်းဆဲမှု၊ သေဒဏ်ပေးမှုနှင့်ပတ်သတ်သည့် ကိန်းဂဏန်းများ အတစ်နှစ်ထက်တစ်နှစ်ပိုပြီးများလာကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းသည့် အချိန်မှစ၍ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှု ကျူးလွန်လျှက်ရှိရာ ၂၀၂၄ တစ်နှစ်တာအတွင်း အမျိုးသမီး ၄၇၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၄၁၂ ဦးရှိကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks