spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းTNLA အုပ်ချုပ်ရေး ယန္တယားတွင် အမျိုးသမီးပါဝင်မှုရှိသော်လည်း နည်းနေသေးဟုဆို

    TNLA အုပ်ချုပ်ရေး ယန္တယားတွင် အမျိုးသမီးပါဝင်မှုရှိသော်လည်း နည်းနေသေးဟုဆို

    -

    တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဖော်ဆောင်နေသည့် အုပ်ချုပ်ရေး ယန္တယားများတွင် အမျိုးသမီးပါဝင်မှု ရှိလာသော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းနေသေးကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက ပြောသည်။

    TNLA အုပ်ချုပ်ရေး ယန္တယားများမှ ၆၀ ရာခိုင်နှုန်းအထိ လည်ပတ်နေပြီဖြစ်ကြောင်း၊ အဆိုပါ ယန္တယားများတွင် အမျိုးသမီးအင်အားများ ပါဝင်ဖို့ လိုအပ်သေးကြောင်း ၎င်းက ပြောသည်။

    လွေးချီဆငါးက “သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်မှာက အုပ်ချုပ်ရေး ယန္တယားတွေ ဆက်ပြီးမှ လည်ပတ်နေတယ်၊ ရာခိုင်နှုန်းအရ ပြောရမယ်ဆိုရင် ၅၀၊ ၆၀ ရာခိုင်နှုန်းထိတော့ စပြီး လည်ပတ်နိုင်ပြီပေါ့နော်၊ ၁၀၀ ရာခိုင်နှုန်းတော့ မပြည့်ဝသေးတဲ့ဟာတွေတော့ ရှိတယ်။ ဒီအုပ်ချုပ်ရေး ယန္တယားမှာကလည်း အမျိုးသမီး ပါဝင်မှုကတော့ နည်းနေသေးတယ်လို့တော့ မြင်တယ်၊ ပါတော့ ပါကြတယ်။ ဒါပေမဲ့ ကျမတို့ လိုချင်နေတဲ့ ပုံစံမျိုး၊ ကျမတို့ အမျိုးသမီးအင်အားတွေ အမျိုးသမီးအသံတွေ ပါဝင်ဖို့အတွက်ကတော့ အများကြီးတော့ လိုအပ်သေးတယ်၊ ရာခိုင်နှုန်းအရ အနည်းအကျဉ်းပဲ ရှိနေသေးတယ်လို့တော့ တွေ့ရှိရတာပေါ့နော်” ဟု ပြောသည်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့ကို TNLA က သိမ်းပိုက် ထိန်းချုပ်ထားသည်။

    TNLA က ဖော်ဆောင်နေသည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်လာကြောင်း၊ အခြားသော ဝန်ဆောင်မှု လုပ်ငန်းများတွင်လည်း တွေ့ရှိရကြောင်း တအာင်းနိုင်ငံရေးသမား ဦးကျော်အောင်က ပြောသည်။

    “သတိထားမိတာကတော့ အမျိုးသမီးအခန်းကဏ္ဍကတော့ သူ့အပိုင်းနဲ့ သူတော့ ပါတာပေါ့ဗျာ။ ဥပမာ ကျနော်တို့ မြင်တာဆိုရင် PSLF ရဲ့ ပြောရေးဆိုခွင့်ဆိုရင်လည်း လွေးယေဦး အမျိုးသမီးကို ပေးထားတာပဲ။ ပြီးတော့ အဓိက ကျနော်တို့ မြင်ရတာကတော့ သူတို့ (TNLA) ဖော်ဆောင်နေတဲ့ ပညာရေး၊ ကျန်းမာရေး အခန်းကဏ္ဍကလည်း အမျိုးသမီးအခန်းကဏ္ဍတွေ အများကြီးပါတာ တွေ့ရတယ်။ ကြည့်ရသလောက် စီမံခန့်ခွဲတဲ့ အတိုင်းအတာမှာလည်း အမျိုးသမီးအခန်းကဏ္ဍ အများကြီးထည့်ထားတာလေ။ ပညာရေး၊ ကျန်းမာရေး ပြီးတော့ အုပ်ချုပ်ရေး ယန္တယားထဲမှာ ပြီးတော့ အခြားသော ဝန်ဆောင်မှု အပိုင်းမှာလည်း အမျိုးသမီး အခန်းကဏ္ဍ တော်တော်များများ တွေ့ရပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါလအတွင်း ကျေးရွာ ၂၀ ကို TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှု ပြုလုပ်နိုင်ခဲ့သည်ဟု မတ်လ ၁ ရက်နေ့က TNLA က သတင်းထုတ်ပြန်ထားသည်။

    TNLA အုပ်ချုပ်ရေး ယန္တယားအတွင်း အမျိုးသမီးပါဝင်မှုသည် ၂ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းအတွင်း ရှိကြောင်း၊ ယခုနှစ်အတွင်း တရားသူကြီးနေရာများတွင် အမျိုးသမီးများကို ခန့်အပ်မှု တွေ့ရကြောင်း လွေးချီဆငါးက ပြောသည်။

    “ရာခိုင်နှုန်းအရ ပြောရရင် နည်းနည်း ခက်ခဲ့တယ်၊ ဘာလို့လဲဆိုရင် ဒီအုပ်ချုပ်ရေးပိုင်းမှာက ပြန်ကြည့်မယ်ဆိုရင်တော့ အမျိုးသမီးပါဝင်မှုက အနည်းအကျဉ်းမှာပဲ ရှိသေးတယ်။ ဥပမာ ဘယ်နေရာမှာ ပါလာတာ တွေ့ရသလဲဆိုရင်တော့ ဒါကလည်း ကောင်းတဲ့အရာလို့ ပြောလို့ရတယ်။ ဒီနှစ်ထဲမှာ စပြီးမှ ရှေ့နေပုံစံမျိုး တရားသူကြီးတွေနေရာမှာ အမျိုးသမီးတွေ နေရာရလာတဲ့ဟာတွေ ရှိလာတဲ့အခါကြတော့ Percentage အရ ပြောရမယ်ဆိုရင် ၅ percent ၂ percent အဲဒီလိုမျိုး ၅-၂ ကြားထဲမှာပဲ ရှိဦးမယ်လို့တော့ တွေ့မြင်ရတာပေါ့နော်၊ ဒါကလည်း ကျမတို့က လာမယ့်အနာဂတ်မှာလည်း သူတို့က အများကြီး ထပ်ပြီးမှ အမျိုးသမီးအင်အားတွေ ဆက်ထည့်မယ် ဆက်ပြီးမှ နေရာပေးမယ်၊ လက်တွေ့ခေါ်မယ်လို့တော့ မျှော်လင့်တယ်၊ ဒါပေမဲ့ အခုလက်ရှိအရ ဆိုရင်တော့ ခုနားကပြောတဲ့ နေရာမှာပဲ အမျိုးသမီးတွေကို ပိုပြီးတော့ တွေ့ရတာပေါ့နော်” ဟု ပြောသည်။

    လက်ရှိတွင် TNLA သိမ်းပိုက်ထားသည့် မြို့နယ်များကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် ယန္တယားများ လည်ပတ်နိုင်ရေး လုပ်ဆောင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks