spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်း‌ရေးမှ ပုဂ္ဂလိကလျှပ်စစ်မီးကို အခြေခံလူတန်းစားတို့ အသုံးမပြုနိုင်ဖြစ်လာ

    ‌ရေးမှ ပုဂ္ဂလိကလျှပ်စစ်မီးကို အခြေခံလူတန်းစားတို့ အသုံးမပြုနိုင်ဖြစ်လာ

    -

    မွန်ပြည်နယ် ရေးဒေသခံအများစု အားကိုအသုံးပြုနေသည့် ပုဂ္ဂလိကလျှပ်စစ်မီးကုမ္ပဏီအသီးသီးတို့မှ လက်ရှိတွင် မီတာခကို တစ်ယူနစ် ၄ ထောင်ကျော်အထိကောက်ခံလာသည့်နောက် အခြေခံလူတန်းစားတို့ အသုံးမပြုနိုင် ဖြစ်လာကြောင်း သိရသည်။

     ရေးမြို့နယ်တွင် လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၄ ခုထက်မနည်းရှိပြီး အဆိုပါကုမ္ပဏီတို့မှ ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ ဒေသခံတို့ထံ လျှပ်စစ်မီတာခ တစ်ယူနစ်၂၇၀၀ မှ ၃၀၀၀ ကျော်အထိ ကောက်ခံနေကြောင်းသိရသည်။

     လက်ရှိတွင် အာယုတောင်ဒေသခံအများစု မီတာခ အခက်အခဲကြောင့် လျှပ်စစ်မီးသွယ်တန်းချိတ်ဆက်ထားမှုတို့ကိုဖြုတ်၍ ဆိုလာအစားထိုးအသုံးပြုလာသည်ဟု ရေးဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    “မီတာခ တစ်ယူနစ် ၄၀၀၀ ဖြစ်နေတာ သုံးလလောက်ရှိနေပြီး မီတာခက စက်သုံးစီးဈေးအပေါ်မှာ မူတည်နေတယ် စက်သုံးဆီ တလီတာ ၃၅၀၀ဆို တယူနစ် ၃၅၀၀ကျတယ် အဲလို့ပေါ့၊ ကျွန်မတို့က မီတာခပေးမနိုင်လို့ ဖြုတ်လိုက်တာကြာပြီး တချို့အိမ်‌တွေလည်း မီတာခမ‌တတ်နိုင်လို့ တဖြေးဖြေးနဲ့ ဖြုတ်လာကြတယ်”  ဟု အမျိူးသမီးက ပြောသည်။

    ထို့အပြင် မီတာခကို ၅ ယူနစ်မှစတင်ကောက်ခံသည့် သတ်မှတ်ချက်ကြောင့်လည်း နေအိမ်တစ်အိမ်လျှင် တစ်လ မီတာခ အနည်းဆုံး ၂၅၀၀၀ ကျသင့်နေရကြောင်း ဆက်ပြောသည်။

    လက်ရှိတွင် နေအိမ်အချို ဆိုလာလျှပ်စစ်မီးကိုသာ အသုံးပြုလာသည့်အပြင် နေအိမ်အချို့က လျှပ်စစ်မီတာယူနစ် လျှော့ချသည့်အနေဖြင့် ဆိုလာကို အစားထိုးကာ နှစ်မျိုးလုံးအသုံးပြုနေကြောင်းလည်း သိရသည်။

    “ကျွန်တော်တို့အိမ်က လျှပ်စစ်မီးဖြုတ်ပြီး ဆိုလာတပ်ထားတယ် ရေတင်လို့ရတဲ့အားလောက်နဲ့တပ်ထားတယ် တချို့အိမ်က လျှပ်စစ်မီးရော ဆိုလာရော တပ်ထားတယ် လျှပ်စစ်မီးကို ချွေတာပြီးသုံးတယ် ဆိုလာနဲ့ သုံးလို့ရတဲ့အရာဆို ဆိုလာနဲ့သုံးတယ် ထမင်းချက်၊ မီးပူတိုက်မယ်ဆို လျှပ်စစ်မီးနဲ့သုံးတယ် အဲ့လိုလုပ်နေကြတယ် “ဟု ရေးဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။

    ခိုးဆိုလုယက်မှုနှင့် လက်နက်ကိုင်အဖွဲ့တို့ လှုပ်ရှားသွားလာနေသည့်  ရေးဒေသတစ်ဝိုက်တွင် နေအိမ်အများစု နေအိမ်မီးလင်းရုံမျှသာ လျှပ်စစ်မီးသုံးစွဲနေသဖြင့် လုံခြုံရေးစိုးရိမ်ရကြောင်း ဆက်ပြောသည်။

    ထို့အပြင် ခေါဇာမြို့နှင့် အနီးတစ်ဝိုက်ကို လျှပ်စစ်မီး ဖြန့်ဝေနေသည့် ငွေစမ်းလာကုမ္ပဏီမှ  ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ တစ်ရက်လျှင် လျှပ်စစ်မီး ၂ နာရီခန့်သာ ဖြန့်ဖြူးပေးပြီး လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၃၄၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံထားသဖြင့် ဒေသခံတို့က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးထံ စာတင်ပြတောင်းဆိုထားကြောင်း သိရသည်။

    လက်ရှိတွင် စက်သုံးဆီဝယ်ယူရရှိမှုအခက်အခဲကြောင့် ရေးမြို့နယ်မြောက်ပိုင်းရှိ လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတို့မှလည်း လျှပ်စစ်ဓါတ်ဝန်အားလျှော့ချထားပြီး စက်သုံးဆီဝယ်ယူရရှိမှုအပေါ်မူတည်၍ ပြောင်းလဲထုတ်လွှတ်ပေးသွားမည်ဟု ဒေသခံတို့ကို အသိပေးပြောဆိုထားသည်။

    အလားတူ မွန်ပြည်နယ်အတွင်း စစ်ကောင်စီမှ တစ်ရက်လျှင် ၅ နာရီအထိ အလှည့်ကျ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးသွားမည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် လျှပ်စစ်မီးရက်ရှည်ပြတ်တောက်မှုတို့ရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks