spot_img
Monday, August 4, 2025
More
    spot_img
    Homeသတင်းလစ်လပ်နေသည့် ရပ်ကျေးရုံးဝန်ထမ်းနေရာတွင် အမြန်ဆုံးခန့်အပ်ရန်ညွှန်ကြားသော်လည်း မြေပြင်တွင် အကောင်ထည်မဖော်နိုင်

    လစ်လပ်နေသည့် ရပ်ကျေးရုံးဝန်ထမ်းနေရာတွင် အမြန်ဆုံးခန့်အပ်ရန်ညွှန်ကြားသော်လည်း မြေပြင်တွင် အကောင်ထည်မဖော်နိုင်

    -

    မွန်ပြည်နယ်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် လစ်လပ်နေသည့် အုပ်ချုပ်ရေးမှူးနေရာနှင့် စာရေးဝန်ထမ်းနေရာတို့၌  အမြန်ဆုံးခန့်အပ်ရန် စစ်ကောင်စီမှ ညွှန်ကြားထားသော်လည်းမြေပြင်တွင် လက်တွေ့ကျကျ ခန့်အပ်ရန်မဖြစ်နိုင်ဟု ဒေသခံများနှင့် ရပ်ကျေးအဖွဲ့နီးစပ်သူများထံမှသိရသည်။

    အသက် ၁၈ နှစ်အထက် အတည်ပြုလူဦးရေစာရင်းမှန်ကန်စေရေးနှင့် မြေပြင်ကွင်းဆင်း ကောက်ယူထားသည့် စာရင်းများအား လက်ရှိအခြေအနေနှင့်ကိုက်ညီမှန်ကန်စေရေး စစ်ဆေးနိုင်ရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများကို စောလျင်စွာခန့်အပ်ရန် မတ်လ ၄ ရက်နေ့တွင် စစ်ကောင်စီမွန်ပြည်နယ် ဝန်ကြီးချုပ်မှညွှန်ကြားထားသည်။ 

    လက်ရှိအချိန်အထိ အုပ်ချုပ်ရေးမှုနှင့် စစ်ကောင်စီရုံးဝန်းထမ်းတို့ လုပ်ကြံသတ်ဖြတ်မှုခံနေရသည့်  ရေးမြို့နယ်တွင် အုပ်ချုပ်ရေးရုံးများလည်ပတ်ဖွင့်လှစ်နိုင်ခြင်းမရှိသည့်သေးသည့်အပြင် မြို့နယ်အတွင်း၌  ကျေးရွာ ၂၀ နီးပါးခန့်တွင် အုပ်ချုပ်ရေးမှူးနေရာလစ်လပ်နေဆဲဖြစ်ကြောင်း ရေးမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။ 

    “အုပ်ချုပ်ရေးမှူးမရှိတဲ့ရွာတွေ နေရာတွေမှာ မဖြစ်မနေ ရှာပြီးခန့်အပ် ခိုင်းတယ်၊ အရင်အုပ်ကြီး ပစ်သတ်ခံရတဲ့ နေရာဆို ဘယ်သူမှမဝင်လုပ်ရဲဘူး  ဖြစ်နေတယ်၊ ရေးမြို့အရှေ့ဘက် ကွင်းရှည်တွေမှာလည်းမရှိဘူး နောက်ပြီး ဘေးလမု၊ ဘေးလမိုင်း၊ နှင်းစုံ ၊ အဲ့ရွာတွေက အဲ့အတိုင်ထားထားရတယ် ” ဟု ၎င်းကပြောသည်။ 

    အုပ်ချုပ်ရေးရုံးတို့ကို ဖွင့်လှစ်ခြင်းမရှိသော်လည်း ရပ်ကွက်၊ အုပ်ချုပ်ရေးမှုးတို့၏ နေအိမ်အတွင်း ဧည့်စာရင်းတိုင်ကြားခြင်းတို့ကို လက်ခံနေပြီး ခရီးသွားထောက်ခံစာတို့ကို ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။

    ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအုပ်ချုပ်ရေးမှုးအဖွဲ့မှ လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲလုပ်ဆောင်ရန်  မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုနှင့် မြေပြင်စာရင်းတိုက်စစ်လုပ်ဆောင်ခြင်းတို့ကို တိုးတိုးတိတ်တိတ် လုပ်ဆောင်နေကြေကြောင်း ရေးမြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။ 

    “ဒီ ၂၀၂၅ ကျရင်သူတို့ရွေးကောက်ပွဲမဖြစ်မနေလုပ်မယ်လို့ပဲသိထားတယ်၊ ရထားတဲ့လူဦးရေ စာရင်း တွေမြေပြင် အရေအတွက်နဲ့ကိုက်ညီဖို့နဲ့ အသက် ၁၈ နှစ်အထက်လူငယ်တွေအရေအတွက်ကိုက်ညီဖို့  အလျင်စလို လုပ်ဆောင်နေကြတဲ့အခြေအနေပဲလေ၊ စာရင်းကောက်မယ်ဆိုလည်း အနီးအနားတွေပဲလုပ်တယ်၊ အရင်ကလိုမျိုး စုဝေး ရွာသားကိုနှိုးဆော်စာရင်းထည့်ဖို့ပြောလည်းမရတော့ဘူး ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို အချင်းချင်းလက်တို့ပြီးလုပ်ဆောင်ကြတာပဲ”ဟု ၎င်းကပြောသည်။

    ထိုသို့ လူဦးရေစာရင်းနှင့် စစ်ကောင်စီရွေးကောက်ပွဲအတွင်း ပါဝင်ပတ်သတ်နေသူတို့ကို အရေးယူသွားမည်ဟုလည်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး-NMSP(AD)အပါအဝင် မွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးအဖွဲ့အများစုတို့ ယမန်နှစ်က ထုတ်ပြန်ထားသေးသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်တွင်  ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရုံးအကူနှင့်ရာအိမ်မှူးအပါအဝင် ၈ ဦး ထက်မနည်း သတ်ဖြတ်ခံရပြီး၊ ယခုနှစ်ဖေဖော်ဝါရီလအတွင်း ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် ပေါင်မြိုန့ယ် ညောင်ကုန်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူးတို့သတ်ဖြတ်ခံထားရကြောင်း သိရသည်။ 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts