spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမွန်ဒေသတွင် အေးချမ်းသာယာကြောင်း ဝါဒဖြန့်နိုင်ရေး မွန်ပြည်နယ်နေ့ကို စည်ကားစွာကျင်းပရန် ညွှန်ကြားထား

    မွန်ဒေသတွင် အေးချမ်းသာယာကြောင်း ဝါဒဖြန့်နိုင်ရေး မွန်ပြည်နယ်နေ့ကို စည်ကားစွာကျင်းပရန် ညွှန်ကြားထား

    -

    စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့တို့မှ မွန်ဒေသအတွင်းအေးချမ်းသာယာကြောင်း ဝါဒဖြန့်နိုင်ရေးအတွက် လာမည့် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်နယ်နေ့ကိုလည်း စည်ကားစွာဟန်ပြကျင်းပရန် ညွှန်ကြားထားကြောင်း သိရသည်။

    ၅၁ ကြိမ်မြောက် မွန်ပြည်နယ်နေ့ကို စည်းကားစွာဖြင့်ကျင်းပမည်ဟု စစ်ကောင်စီခန့်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြည်နယ်အစိုးရရုံးတွင်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် ညွန်ကြားပြောဆိုခဲ့သည်။

    မော်လမြိုင်မြို့ပေါ်ဒေသခံတို့၏ ပြောကြားချက်အရ စစ်ကောင်စီအစိုးရအဖွဲ့နှင့်ဘက်တော်သားတို့သည် ပြည်သူများနေ့စဉ်ကြုံတွေ့နေရသည့်မလုံခြုံမှု၊ ခိုးဆိုးလုယက်ခံရမှုများကိုမျက်ကွယ်ပြုပြီး အထိမ်းမှတ်နေ့ကိုစည်ကားစွာကျင်းပပြီး ဝါဒဖြန့်နိုင်ရန်ကိုသာ ကြိုးပမ်းလုပ်ဆောင်နေသည်ဟုဆိုသည်။

    “နေရာတကာမှတိုက်ပွဲတွေဖော်ဆောင်နေတယ် သူတို့နစ်နာတာသိတယ်။ ဒါပေမဲ့ သူတို့ပြချင်တာက မော်လမြိုင်မြို့ မွန်ပြည်နယ်မှာ သာယာနေကြောင်း၊ မွန်ပြည်နယ်ကို ကောင်းစွာထိန်းချုပ်ထားနိုင်ကြောင်းကို သူတို့ပြချင်တာ။ ပြည်သူတွေအတွက်အကျိုးမရှိပေမဲ့လည်း အာဏာရှင်တွေရဲ့အကြိုက်ကို လိုက်လုပ်ပေးရတယ်ဆိုတော့ သူတို့အတွက်က စည်ကားအောင်တော့ကျင်းပရမှာပဲ ” ဟု မော်လမြိုင်မြို့ခံက ဆိုသည်။

    မွန်ပြည်နယ်အခမ်းနားနေ့တွင် မွန်တိုင်းရင်းသားရိုရားအကများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ အသေးစားထုတ်ကုန်အရောင်းပြခန်းများကို ပြသွားမည်ဖြစ်သဖြင့် အသေးစာစီးပွားရေးလုပ်ငန်းရှင်နှင့် ဌာနဆိုင်ရာဝန်းထမ်းတို့က အခမ်းနားပွဲကို မဖြစ်မနေတက်ရောက်ရန် ဖိအားပေးပြောဆိုခံရမှုတို့ ရှိနေသည်။

    လက်ရှိတွင် အခမ်းနားကျင်းပရန်လျာထားသည့် မော်လမြိုင်ရှိ သမိန်ဗရမ်းဘက်စုံသုံးကွင်းအနီးတစ်ဝိုက်တွင် လုံခြုံရေးအထူးတင်းကြပ်ထားပြီး ဖမ်းဆီးမှုများလည်းလုပ်ဆောင်နေသည့်အတွက် ဒေသခံတို့က အသွားလာခက်ခဲလျက်ရှိကြောင်း မြို့ပေါ်ဒေသခံတစ်ဦးက ဆက်ပြောထားသည်။

    “အစစ်ဆေးက အခုတော်တော်ပိုလာတယ်။ ညတုန်းကဆိုရင် နေရာတော်တော်များများကို အစစ်ဆေးလုပ်လာတယ်။ without ဆိုင်ကယ်တွေဆိုရင်လည်းတော်တော်ဖမ်းတယ်။ အခါတိုင်းဆိုရင် တစ်နေရာ နှစ်နေရာလောက်ပဲရှိတယ်။ အခုကပိုပြီးတင်းကျပ်လာတယ်။” ဟု ဆိုသည်။

    ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် အတန်းတင်စာမေးပွဲ ဖြေဆိုနေသည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဆောင်းဘောက်၊ လော်စပီနှင့် အခြားဆူညံသံတို့ မပြုရန်အပြင် လောင်းကစားဝိုင်းတို့ကို ဆိုင်းငံ့ထားရန် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တို့မှ ထုတ်ပြန်ညွှန်ကြားထားသည်။

    သို့သော် စစ်ကောင်စီမွန်ပြည်နယ် ဝန်ကြီးချုပ်အဖွဲ့တို့မှ မွန်ဒေသခံပြည်သူတို့ တော်လှန်ရေးဘက်အာရုံထားရှိမှု လျှော့နည်းရန်၊ စိတ်ဓါတ်စစ်ဆင်ရေး ဝါဒဖြန့်နိုင်ရန် လုပ်ဆောင်နေသည့်အပေါ် ဒေသခံပြည်သူများအကြား ဝေဖန်ပြောဆိုမှုများရှိနေခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks