spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမြန်မာစစ်တပ်နှင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှု အမြန်ချမှန်ရန် တောင်းဆို

    မြန်မာစစ်တပ်နှင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှု အမြန်ချမှန်ရန် တောင်းဆို

    -

    မြန်မာစစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့ ကျူးလွန်နေသည့် ရာဇဝတ်မှုများ အဆုံးသတ်ရန် နိုင်ငံတကာအနေဖြင့် နောက်ထပ်အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ညှိနှိုင်းကာ အလျင်အမြန်ချမှတ်ရန် လိုအပ်နေကြောင်း Justice for Myanmar က မတ်လ ၄ ရက်နေ့က ထုတ်ပြန်တောင်းဆိုသည်။

    ရုရှားနိုင်ငံသည် မြန်မာစစ်ကောင်စီအတွက် အဓိက စစ်လက်နက်ပစ္စည်းတင်ပို့နေသည့်နိုင်ငံဖြစ်ပြီး မြန်မာပြည်သူများအပေါ် စစ်တပ်မှ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် လောင်စာမီးထိုးပေးနေခြင်းဖြစ်သည်ဟုလည်း Justice for Myanmar ဆိုထားသည်။

    Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ”ရုရှားအစိုးရနဲ့ မြန်မာစစ်အစိုးရတို့ဟာ နိုင်ငံတကာရာဇ၀တ်မှုတွေကို ပြစ်ဒဏ်ကင်းမဲ့စွာ ကျူးလွန်နေကြပါတယ်။ သူတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးက နှစ်ယောက်စလုံးအတွက် အကျိုးရှိပါတယ်။ ရုရှားက စစ်ရာဇ၀တ်မှုတွေမှာ အသုံးပြုဖို့ လက်နက်တွေ ရောင်းချပေးပြီး စစ်အစိုးရက ယူကရိန်းကျူးကျော်မှုကို တည်တံ့စေတဲ့ ရုရှားရန်ပုံငွေတွေကို တဘက်တလမ်းကနေ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်” ဟု ပြောသည်။

    နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာစစ်ကောင်စီထံသို့ စီးဆင်းနေသည့် ဝင်ငွေ၊ လက်နက်နှင့် လေယာဉ်ဆီလမ်းကြောင်းများကို ပိတ်ဆို့သင့်ကြောင်း Justice for Myanmar ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စီးပွားရေးနှင့် လုံခြုံရေး အပါအဝင် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန်အတွက် ၎င်း၏လုပ်ဖော်ကိုင်ဖက် ရာဇဝတ်မှုကျူးလွန်သူများနှင့် ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံနေသည်။

    မြန်မာစစ်ကောင်စီအနေဖြင့် ပြည်တွင်းတိုက်ပွဲများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သလို အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း အရပ်သား ၆ ထောင်ကျော်ကို သတ်ဖြတ်ခဲ့သည့်အပြင် ရုရှားခရီးစဉ်ကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀ နီးပါး သေဆုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks