spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းအုန်းမွှေးသီးစိုက်တောင်သူများ သူခိုးရန်ကြောင့် ဆုံးရှုံးမှုများနေ

    အုန်းမွှေးသီးစိုက်တောင်သူများ သူခိုးရန်ကြောင့် ဆုံးရှုံးမှုများနေ

    -

    မွန်ပြည်နယ် ရေးမြို့နယ်၊ ရေးဒေသထွက် အုန်းမွှေးသီးများ ဈေးကောင်းရနေချိန်တွင် သူခိုးရန်ကြောင့် အသီးများ အခိုင်လိုက်ပျောက်ဆုံးနေပြီး တောင်သူတို့ ဆုံးရှုံးမှုများနေကြောင်း သိရသည်။

    နွေပိုင်းသို့ရောက်ရှိလာချိန်တွင် အုန်းမွှေးသီးများ အဝယ်လိုက်ပြီး ပြီးခဲ့သည့်မိုးတွင်းပိုင်းက တစ်လုံး ၁၅၀၀ ဖြင့်ရောင်းချနေရာ လက်ရှိတွင်၂၅၀၀ ကျပ်ထိ အုန်းခြံအထိ လာရောက်ဝယ်ယူသည့်အပြင် လက်ကားရောင်းဝယ်မှုလည်းများနေကြောင်း သိရသည်။

    သို့သော် ဥယျာဉ်ခြံအတွင်းရှိ အုန်းမွှေးသီးများ အခိုင်လိုက်အခိုးခံနေရပြီး  မူးယစ်ဆေးသုံးစွဲထားသူတို့မှ ခိုးယူနေသဖြင့် တောင်သူတို့ကို အန္တရာယ်ပြုမည်ကိုလည်း စိုးရိမ်နေရကြောင်း အုန်းမွှေးသီးစိုက်ပျိုးသည့် ရေးဒေသခံတောင်သူတစ်ဦးက ဆိုသည်။

    "အဖွဲ့နဲ့ ခြံအနားမှာနေပြီး မူးယစ်ဆေးသောက်နေတယ် လူမရှိတဲ့အချိန်ဆိုခိုးပြီး၊ ၊ခြံကရေပတ်ပတ်လည်ရှိနေတော့ လှေနဲ့ယူသွားတယ် တခါခိုးရင် လှေနှစ်စီးစာရှိတယ်၊ ကိုယ်ကတစ်ယောက်ပဲဆိုတော့ သူတို့ကို ပြန်ကြောက်နေရတယ် ” ဟု ၎င်းက ပြောသည်။

    တိုင်ကြားမှုကြောင့် အဆိုပါခိုးယူနေသူတို့ကို ရက်အနည်းငယ် အရေးယူ၊ အပြစ်ဒဏ်ပေးခံရသော်လည်း လွတ်မြောက်လာချိန်တွင် ပြန်လည်ခိုးယူနေသည်ကို တောင်သူတို့ နှစ်ရှည်လများရင်ဆိုင်နေရကြောင်း ဆက်ပြောသည်။

    အုန်းခြံတစ်ခြံတွင် အသီးထက်ဝက်ခန့်ကိုသာ တောင်သူတို့ခူးဆွတ်သိမ်းဆည်းနိုင်သဖြင့် ဆုံးရှုံးမှုမျာနေသဖြင့် အထက်ပါတောင်သူက ဆက်ပြောသည်။

    " ဒီလို ရင်ဆိုင်နေရတာ သုံးနှစ်လောက် ရှိနေပြီး ကိုယ်နဲ့သူက တစ်ယောက်တစ်ဝက်ပဲရနေတယ် ကိုယ်ရသလောက်သူတို့လဲရနေတယ်၊ ကျမတို့စိုက်ပျိုးသူက ဆုံးရှုံးမှုများနေတယ်ပေါ့လေ" ဟု ဆိုသည်။

    စစ်ဘေးနှင့် သဘာဝဘေးဒဏ်ကြောင့် နိုင်ငံအခြေအနေ ယိုယွင်းပျက်ပြားလာသည်နှင့် အမျှ ကုန်ဈေးနှုန်း အဆမတန် မြှင့်တက်ပြီး အလုပ်အကိုင် ရှားပါးလာခြင်းကြောင့် ခိုးဆိုးလုယက်မှုများ ပေါများနေရခြင်း ဖြစ်ပြီး အုန်းမွှေးသီးအပြင် အခြားခြံထွက်သီးနှံတို့လည်း ခိုးယူခံနေရသည်။

    ရေးမြို့နယ်အတွင်း၌ အုန်းမွှေးပင်ကို တောင်သူအနည်းစုကသာ စီးပွားဖြစ် စိုက်ပျိုးကြသလို၊ တနိုင်တပိုင် စိုက်ပျိုးသူတို့လည်း ည်းရှိသည်ဟု အုန်းမွှေးသီးစိုက်တောင်သူတို့က ဆိုသည်။

    ဗုဒ္ဓဘာသာဝင် ဘုရားပွဲ၊ တရားပွဲ စသည်ဖြင့် ကန်တော့ပွဲများ ပြင်ဆင်ရာတွင် အုန်းသီးကိုအသီးတစ်မျိုးအနေဖြင့်သုံးကြသလို မိရိုးဖလာကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်းအသုံးလျှက်ရှိသည်။ ယခုကဲ့သို့ ဝါတွင်းကာလ မတိုင်မီမှ ရိုးရာ နတ်ပူဇော်ကန်တော့ပွဲအတွက် အုန်းသီးဝယ်ယူအသုံးပြုရပြီးရှိပြီး လက်ရှိတွင် အုန်းသီးဈေးနှုန်း မြင့်လာခြင်းကြောင့် အခက်ခဲ ဖြစ်နေကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks