Sunday, March 29, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ်မီးသတ်ဦးစီးမှူး၊ ထွေအုပ် ဒုဦးစီးမှူးအပါအဝင် ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

    ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး၊ ထွေအုပ် ဒုဦးစီးမှူးအပါအဝင် ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ် မီးသတ်ဌာနမှ ဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး၊ လုပ်ငန်းရှင်များအပါအဝင် ၆ ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

    ပေါင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို၊ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ တော်ဝင်ဘော်ဒါပိုင်ရှင် ကိုဇာနည်၊ လုပ်ငန်းရှင်များဖြစ်သည့် ကိုမိုးငယ်၊ ဦးဇော်ဝင်းမြင့်၊ ဒေါ်ကျော့ကျော့စံတို့ကို စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ၎င်းတို့ နေထိုင်ရာ နေရာများတွင် ယမန်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

    အဆိုပါ ဖမ်းဆီးခံရသူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံ ငွေကြေးနှင့် ရိက္ခာများ ထောက်ပံ့ပေးနေသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီနှင့် နီးစပ်သူတို့က ပြောသည်။

    ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ဥတ္တံတားအတွင်းရွာမှ ကျူရှင်ဆရာ ဦးရဲထွန်းနိုင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ယခုဖမ်းဆီးမှုဖြစ်စဉ်သည် ဦးရဲထွန်းနိုင် ဖမ်းဆီးခံရမှုနှင့် ဆက်စပ်နိုင်ကြောင်း ဆိုသည်။

    “ကျူရှင်ဆရာ ဦးရဲထွန်းနိုင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးတဲ့နောက်ပိုင်းမှာ နောက်ဆက်တွဲ ကွင်းဆက်အနေနဲ့ သူတို့ကို ဖမ်းဆီးခဲ့တာလို့ သိရတယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူက ပြောသည်။

    ဖမ်းဆီးခံခဲ့ရသူများသည် ပေါင်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားခြင်းမျိုးမရှိဘဲ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးသည့်အတွက် မိသားစုဝင်များ မိသားစုဝင်များ စိုးရိမ်နေကြကြောင်း မိသားစုဝင်တို့နှင့် နီးစပ်သူတို့၏ ပြောကြားချက်များအရ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနှင့် ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားတစ်ခုအောက်တွင် လက်လုပ်ချိန်ကိုက်မိုင်းအများအပြားတွေ့ရှိပြီးနောက် ဥတ္တံတားကျေးရွာဒေသခံ ၂၀ ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks