spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းMOD အောက်က တပ်ရင်းတွေ ဘာကြောင် နုတ်ထွက်လာကြသလဲ

    MOD အောက်က တပ်ရင်းတွေ ဘာကြောင် နုတ်ထွက်လာကြသလဲ

    -

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်ကနေ ဖေဖော်ဝါရီ ၁၉ ရက်မှာ နုတ်ထွက်ပြီး ယောတပ်တော်-YA နှင့် ပူးပေါင်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါတပ်ရင်း (ယောဒေသ) က ကြေညာခဲ့သည်။

    ယောဒေသကို ကိုယ်စားပြုသည့် တပ်အနေဖြင့် တိုက်ပွဲဝင်လိုပြီး ယောဒေသအမြန်ဆုံး လွတ်မြောက်ရေး ယောဒေသ၊ ယောပြည်သူလူထုတို့၏ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် ပိုမိုအားစိုက် လုပ်ဆောင်လို၍ MOD အောက်က နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မီဒီယာများကို ပြောကြားထားသည်။

    တော်လှန်ရေးအဖွဲ့အစည်းကြား ပဋိပက္ခမဖြစ်ဘဲ နုတ်ထွက်ခြင်းမှာလည်း ကောင်းမွန်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ဘာကြောင့် ထွက်သွားသလဲဆိုတာ ကျမတို့ မသိဘူးလေ၊ ခုနားက ခင်ဗျားပြောသလို လက်နက်တွေ မထောက်ပံ့နိုင်လို့လည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ အချင်းချင်းကြားမှာ ပဋိပက္ခဖြစ်လို့ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီပဋိပက္ခကြီးက ပေါ်ထွက်လာတာ မဟုတ်ဘဲနဲ့ အေးအေးဆေးဆေးနဲ့ သူတို့ဟာ သူတို့ ထွက်သွားကြတယ်ဆိုတာ ဒါကောင်းတဲ့ ကိစ္စပဲလေ။ တော်လှန်ရေးဆိုတာ ဒီလို ကိုယ့်စိတ်ပါမှ လုပ်လို့ရတာ။ စိတ်မပါလို့ ထွက်သွားပြီဆိုရင်လည်း ဒီလိုပဲ နုတ်ဆက်ထွက်ခွာခဲ့ကြရတာပဲ။ အန်တီတို့လည်း ဒီလိုပဲ ကြုံခဲ့ရတာပဲလေ။ တချို့လူတွေက ကျနော်တို့ တော်လှန်ရေးကို ဆက်မလုပ်ချင်တော့ဘူး ပြန်ချင်ပြီ၊ ဒီလိုပဲ” ဟု ပြောသည်။

    MOD လက်အောက်မှ တပ်ရင်းများ နှုတ်ထွက်ရခြင်းမှာ လက်နက်လုံလောက်စွာ တပ်ဆင်မပေးနိုင်ခြင်း၊ တပ်နေရာ ရွှေ့ပြောင်းရာ မပြောင်းရွှေ့ချင်ကြခြင်းကြောင့် နုတ်ထွက်သွားရကြောင်း MOD ဝန်ကြီး ဦးရည်မွန်က ဖေဖော်ဝါရီလ ၂ ရက်မှာ ပြောကြားထားသည်။

    လက်ရှိ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာတွင် လိုအပ်သည့် ငွေကြေး အထောက်အပံ့ မရရှိခြင်းကြောင့် MOD လက်အောက်ရှိ တပ်ရင်းများ နုတ်ထွက်ခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။

    “NUG ဟာ နွေဦးတော်လှန်ရေးရဲ့ မဏ္ဍိုင်ဖြစ်ရမယ့်အစား အဟန့်အတားကြီးတောင် ဖြစ်လာတယ်။ သူ့ကြောင့်မို့လို့ ရှေ့မတိုးနိုင်ဘူး။ ကျန်တဲ့သူလည်း နေရာမပေး၊ နောက်ပြီးတော့ သူမထောက်ပံ့နိုင်တော့ဘူး။ ငွေတွေ တလွဲသုံးဖြစ်တာလေ၊ ဝန်ကြီးဌာနတွေကို ၃၇ ခုလောက် ဖွဲ့ပြီးတော့ တလွဲတွေ သုံးပစ်တယ်၊ ပြီးတော့ တတိယနိုင်ငံပြေးတဲ့ သူတွေကို အလုံးအရင်းလိုက် ထောက်ပံ့တယ်၊ ပြီးတော့ စာရင်းတွေ မရှိဘူး။ သုံးချင်သလို သုံးပစ်တယ်၊ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် အခု တကယ်စစ်တိုက်မယ်ဆိုတဲ့အခါကြတော့ ဧရာဝတီစစ်မျက်နှာမှာ သုံးစရာ ငွေမရှိတော့ဘူး။ မန္တလေး စစ်မျက်နှာမှာ သုံးစရာ‌ ငွေမရှိတော့ဘူး။ အဲဒီလို ဘဝတွေ ဖြစ်သွားပြီးတော့ စစ်ရေးမှာ ပိုက်ဆန်သုံးစရာ မရှိတော့ဘူး။ ဒါကြောင့်မို့လို့ MOD အောက်က ထွက်ကုန်ကြပြီ။ တော်တော်များများ ထွက်ကုန်ကြပြီ။ အဲဒီလို အခြေအနေအောက်မှာ ရှိနေတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလအတွင်း MOD လက်အောက်မှ ရှမ်းတောင်ဒေသ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နှင့် (၁၀၀၈) တပ်ရင်း (SSRY) ၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူ စစ်ကြောင်းများ အသီးသီးနှုတ်ထွက်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks