spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းစာမေးပွဲကာလအတွင်း ပွဲလမ်းသဘင်ယာယီရပ်နားထားရသော်လည်း လောင်းကစားဝိုင်းတို့ရှိနေဆဲ

    စာမေးပွဲကာလအတွင်း ပွဲလမ်းသဘင်ယာယီရပ်နားထားရသော်လည်း လောင်းကစားဝိုင်းတို့ရှိနေဆဲ

    -

    မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ပွဲလမ်းကျင်းပမှုရပ်နားရန်ညွှန်ကြားထားသော်လည်း စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးယူ ဖွင့်လှစ်ထားသည့်လောင်းကစားဝိုင်းတို့ တွင်ကျယ်နေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

    ဖေဖော်ဝါရီလ ပထမအပတ်မှစ၍ မော်လမြိုင်မြို့အပါအဝင် အခြားမြို့နယ်တို့တွင် ဆွမ်းကြီးလောင်းပွဲနှင့် လောင်းကစားဝိုင်းတို့ကို စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့မှ ရပ်နားရန် ညွှန်ကြားထားပြီး၊ မတ်လကုန်ပိုင်းမှ ဇာတ်ပွဲနှင့် လောင်းကစားဝိုင်းတို့ကို ပြန်လည်ခွင့်ပြုမည်ဟု ရာအိမ်မှုးနှင့် နီးစပ်သူတို့က ဆိုသည်။

    သို့သော် ပေါင်မြို့နယ်တွင် ပွဲလမ်းသဘင် မကျင်းပရန်နှင့် အသံချဲ့စက် စောင်းဘောက်မဖွင့်လှစ်ရန် ညွှန်ကြားမှုကြောင့်  ပွဲလမ်းသဘင်ရပ်နားထားသော်လည်း  လောင်းကစားဝိုင်းတို့ ယခင်အတိုင်းဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရသည်။ 

    ပေါင်မြို့ခံတစ်ဦးက “ပေါင်မြို့နယ်မှာတော့လောင်းကစားဝိုင်းတွေမရပ်ဘူး၊ပွဲတွေကတော့နားထားတယ်၊ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကျေး အဖွဲ့တွေက ဒီနေ့ ၂၀ ရက်နေ့ကစပြီးတော့မတ်လ ၂၅ အထိဖြစ်မယ်ထင်တယ် တစ်လလောက်ကြာမယ်၊ ဆောင်းဘောက်ဖွင့်တာတို့၊ ပျော်ပွဲရွှင်ပွဲလုပ်တာမရဘူးဆိုပြီးတော့ရှိပေမဲ့ သို့သော်မြေပြင်မှာတော့ ပေါင်မြို့နယ်မှာကျတော့ အေးဆေးပဲ လိုက်နာတဲ့ဟာလည်း ရှိမယ်မလိုက်နာတာလည်းရှိမယ် ” ဟုပြောသည်။ 

     ပေါင်မြို့နယ်အပြင် သထုံ၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံနှင့်မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတို့တွင် သီတင်းကျွတ်ကာလမှစပြီး အထိမ်းအမှတ်ပွဲတော်နှင့် ဆက်စပ်ခြင်းမရှိဘဲ ဇာတ်ပွဲနှင့်တွဲဖက်ကာ လောင်းကစားဝိုင်းများနေ့စဉ်ဖွင့်လှစ်ထားဆဲဖြစ်သည်။

    လောင်းကစားဝိုင်းမှ ဒေါသတကြီး အော်ဟစ်ဆဲဆူမှုတို့သည် အနီးနားရှိဒေသခံတို့၏ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေရုံမျှမက တိုင်းတန်းမှုလုပ်ဆောင်ရာတွင်လည်း အရေးယူခြင်းမရှိသဖြင့် ဆူညံသံကြောင့် နေအိမ်ပြောင်းရွှေ့မှုတို့လည်း ရှိလာကြောင်းသိရသည်။

    အလားတူး ချောင်းဆုံမြို့နယ်နှင့်ဘီးလင်းမြို့နယ်တို့တွင် ဇာတ်ပွဲသဘင်ရပ်နားထားသော်လည်း အာဝါဒေးလောင်ကစားဝိုင်းများ နေ့စဉ်ရှိနေသည်ဟု ချောင်းဆုံဒေသခံတစ်ဦးက ဆိုသည်။

    “လောင်းကစားကတော့ အခုလည်း နေ့တိုင်းရှိနေတုန်းပဲမရပ်ဘူးပုံမှန်ပဲ ဒီစာမေးပွဲပြီးရင် ချောင်းဆုံမှာ ရွာတိုင်း ပွဲစဉ်ဆက်တိုက်၊ ရွာတိုင်းမှာရှိမယ်”ဟု၎င်းကပြောသည်။ 

    အဆိုပါလောင်းကစားဝိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ ၊ ပျူစောထီးတို့က လုံခြုံရေး ပေးနေပြီး၊ လာရောက်ကစားသူများ လောင်းကစားဝိုင်းတို့ကို  ဓာတ်ပုံရိုက်ခွင့် ကန့်သတ်ထား ကြောင်းလည်း ကစားဝိုင်းသို့သွားရောက်ထားသည့်သူတစ်ဦးကပြောပြသည်။ 

    ထို့ပြင် လောင်းကစားဝိုင်းကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ထားသည့်ချောင်းဆုံနှင့် မော်လမြိုင်မြို့တို့တွင် ဒေသခံတို့မှ ခိုးဆိုးလုယက်မှုများနှင့် ရင်ဆိုင်နေရသည့်အပြင် ကလေးပျောက်ဆုံးမှုတို့သည်လည်း များလာနေကြောင်း ဒေသ တွင်း သတင်းအရင်းအမြစ်တို့မှသိရသည်။ 

    စစ်ကောင်စီ ပညာရေးဌာနမှ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်ရက် တစ်ဘာသာနှုန်းဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ဟုလည်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks