spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစစ်ရေးအကြပ်အတည်း ဖြေရှင်းရန် စစ်ကောင်စီနှင့် အဓိကဆွေးနွေးခဲ့ကြောင်း TNLA ပြော

    စစ်ရေးအကြပ်အတည်း ဖြေရှင်းရန် စစ်ကောင်စီနှင့် အဓိကဆွေးနွေးခဲ့ကြောင်း TNLA ပြော

    -

    တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံစဉ် စစ်ရေးအကြပ်အတည်း ဖြေရှင်းရန်အတွက်သာ အဓိကဆွေးနွေးခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။

    တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း၏ ဦးဆောင်မှုဖြင့် TNLA နှင့် စစ်ကောင်စီအဖွဲ့တို့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    အဆိုပါဆွေးနွေးပွဲတွင် နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ်များ ပြုလုပ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်နှင့် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် အဓိကထား တင်ပြဆွေးနွေးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

    “လက်ရှိပြောနိုင်တာက ကျွန်မတို့စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာက လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအကြပ်အတည်းကိုပဲ ဖြေရှင်းတာ ဖြစ်ပါတယ်။ တခြားသော ဒီနိုင်ငံရေးတွေ၊ နယ်မြေသတ်မှတ်မှုတွေက ကျွန်မတို့ စကားပြောတာမျိုးတွေ မရှိသေးပါဘူး” ဟု TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်ရန် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေး အသင့်ရှိကြောင်း TNLA က ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ထုတ်ပြန်ထားသည်။

    ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က နယ်မြေ ပြန်ပေးရေးကိုသာ အဓိကထား ဆွေးနွေးသည့် နှစ်ဖက်ဆွေးနွေးမှု ရလဒ် မထွက်ခဲ့ကြောင်း TNLA က ပြောသည်။

    TNLA နှင့် စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးနေချိန်တွင် TNLA သိမ်းပိုက်ထားသည့် နေရာတို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဆွေးနွေးပွဲပြီးနောက်ပိုင်းလည်း TNLA ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့သည်။

    TNLA နှင့် စစ်ကောင်စီကြား ပထမအကြိမ် ဆွေးနွေးပွဲတွင် နှစ်ဘက်ညှိနှိုင်းမှု အဆင်မပြေခဲ့သော်လည်း ဒုတိယအကြိမ် ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားရန်ရှိကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို လာမည့် ဧပြီလအတွင်း ပြုလုပ်ရန်ရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks