spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းလောင်စာဆီများ ခွဲတမ်းဖြင့်ရောင်းချနေသဖြင့် လုပ်ငန်းနယ်ပယ်တို့တွင်ခက်ခဲနေ

    လောင်စာဆီများ ခွဲတမ်းဖြင့်ရောင်းချနေသဖြင့် လုပ်ငန်းနယ်ပယ်တို့တွင်ခက်ခဲနေ

    -

    မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ဒီဇယ်ဆီ၊ စက်သုံးဆီများပြတ်လပ်နေပြီး ခွဲတမ်းဖြင့်ရောင်းချနေသဖြင့် လုပ်ငန်း နယ်ပယ် အသီးသီတွင် အခက်ကြုံလာနေရကြောင်း သိရသည်။

    ရန်ကုန်မှလာသည့် ဓာတ်ဆီများခွဲတမ်းရရှိမှု နည်းပါနေသည့်အပြင် မြို့အဝင်ထွက်ဂိတ်တို့တွင် ပုဂ္ဂလိက လောင်စာဆီသယ်ဆောင်လာမှုတို့ကို လိုက်လံဖမ်းဆီးမှုရှိနေခြင်းကြောင့် စက်သုံးဆီရရှိရန် ခက်ခဲလာနေကြောင်း ဝယ်ယူသုံးစွဲနေသူတို့မှ ဆိုသည်။

    လက်ရှိတွင် မော်တော်ယာဉ်တစ်စီးလျှင် ၂ သောင်းနှုန်း၊ ဆိုင်ကယ်တစ်စီးကို ငါးထောင်ကျပ်နှုန်းသာ ရောင်းချ ပေးနေပြီး၊ အဝေးပြေးယာဉ်နှင့် ကုန်တင်ယာဉ်များအခက်ကြုံနေသည်ဟု ပေါင်မြို့နယ်ယာဉ်မောင်း တစ်ဦး ကပြောသည်။

    “ဓာတ်ဆီပြတ်တယ်၊ ဒီဇယ်ပြတ်တယ် ဟိုတခါပြတ်သလိုပြန်အခက်ကြုံတယ်ပေါ့၊ ဆိုင်တိုင်းလိုလို ပြတ်နေတော့ ခွဲတမ်းနဲ့ရောင်းပေးနေတယ်၊ ကားတစ်စီးကို နှစ်သောင်း၊ ဆိုင်ကယ်တစ်စီးဆို ငါးထောင်နဲ့ ရောင်းပေးတယ်၊ ရန်ကုန် ကနေခွဲတမ်းနည်းသွားတယ်တဲ့ဒီဇယ်ကပိုဆိုးတယ်၊ ကုန်ကားတွေဆို၊ Highway သမားတွေ၊ ကုန်တင် ကားတွေခက်ခဲတယ်၊ ဈေးကတော့ အရင်နဲ့ဆို ၁၀၀ ကွာတယ်သိပ်တော့ မတက်ဘူး”ဟု၎င်းက ပြောသည်။

    ပေါင်၊ မော်လမြိုင်နှင့် သံဖြူဇရပ်စစ်ဆေးရေးဂိတ်တို့တွင် ယမန်နေ့မှစ၍ စက်သုံးဆီတင်သွင်းမှုတို့ကို စစ်ကောင်စီတို့ အကြောင်းပြချက်မဲ့ သိသိသာသာ ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်။

    မွန်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းများကို ကရင်နယ်ခြားစောင့်တပ် BGF နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တို့မှ ဝယ်ယူနေပြီး ထိုင်း- မြန်မာနယ်စပ် မြဝတီနှင့် ဘုရားသုံးဆူမြို့သို့တရားမဝင် တင်ပို့နေကြသည့် အတွက်ကြောင့်လည်း မြို့နယ်တို့တွင် ဒီဇယ်ဆီပြတ်လတ်မှုဖြစ်ပေါ်နေသည်ဟုလည်း သတင်းအရင်မြစ်တို့မှ သိရသည်။

    အထူးသဖြင့် လက်ရှိဆားလုပ်ငန်းရာသီတွင် ဆားကွင်းထဲသို့ ပင်လယ်ရေသွင်းရန် ရေစုပ်စက် မခုတ်မောင်းနိုင်ကြောင်း သံဖြူဇရပ် ဆားတောင်သူတစ်ဦးက ပြောသည်။

    “ဒီနှစ်ဆားရာသီမှာတော့ အလုပ်သမားရှားပါးတဲ့ပြဿနာအပြင် အခုပင်လယ်ရေးကိုဆားကွက်ထဲသွင်းနိုင်ဖို့ ရေစုပ်စက်ကိုမောင်းဖို့ ဒီဇယ်ဆီပါဝယ်မရတဲ့ပြဿနာဖြစ်လာတယ်၊ အရင်ကတော့ သံဖြူဇရပ်မှာဓာတ်ဆီပြတ်ရင် မော်လမြိုင်၊ မုတ္တမတို့မှာလိုက်ဝယ်ပြီးသယ်လို့ရတယ်၊ အခုသံဖြူဇရပ်အဝင်ဂိတ်မှာစက်သုံးဆီတွေမပေးဖြတ်တော့ ကျနော်တို့မှာ ဒီဇယ်ဆီပြတ်တော့မယ်အခြေအနေဖြစ်နေတယ်”ဟု ၎င်းကပြောသည်။

    မြို့အဝင်ထွက်တို့တွင် စက်သုံးဆီဖြတ်သန်းခွင့်မပြုဘဲ ရက်ရှည်ကြာဆီပြတ်လပ်လာပါက ဆားတောင်သူများအနေဖြင့် တရားဝင်စက်သုံးဆီ ဝယ်ယူခွင့်ရရှိရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုသွားမည်ဟုလည်း၎င်းကဆက်ပြောသည်။

    ရေးမြို့နယ်မြောက်ပိုင်းတွင်လည်း စက်သုံးဆီ၊ ဒီဇယ်ဆီ အခက်အခဲကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီအချိန်တို့တွင်လျှပ်စစ်မီးဖြန့်ဖြူးမှုခေတ္တရပ်နားထားကြောင်းသိရသည်။

    မွန်ပြည်နယ်၊ မြို့နယ်တိုင်းနီးပါးတွင်စက်သုံးဆီပြတ်လပ်မှုနှင့်ကြုံတွေ့နေရပြီး လတ်တလောတွင် အသေးစား အလတ်စားလုပ်ငန်းများအပြင် သီးနှံစိုက်ပျိုးနေသူများလည်း ဓာတ်ဆီ၊ ဒီဇယ်ဆီရရှိ လုံးဝပြတ်လတ်သွားမည် ကိုစိုးရိမ်နေကြသည်။

    ထိုင်း- မြန်မာနယ်စပ်ရှိကျားဖြန့်ခေါ်အွန်လိုင်ငွေလိမ်လုပ်ငန်းများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ ပိတ်ဆို့ဖြတ်တောက်မှုများလုပ်ဆောင်ထားသည့်အတွက် မော်လမြိုင်နှင့်ဘားအံမြို့များအတွက်ရရှိထားသည့် စက်သုံးဆီခွဲတမ်းမှ ဒီဇယ်များအား မြဝတီနှင့်ဘုရားသုံးဆူမြို့သို့တင်ပို့ရောင်းချနေကြခြင်းဖြစ်ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks