spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးနေရာပြောင်းမည်ဟု ထိုင်းအာဏာပိုင် ပြော

    ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးနေရာပြောင်းမည်ဟု ထိုင်းအာဏာပိုင် ပြော

    -

    ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံ ကုန်သွယ်ရေးကို ဘုရားသုံးဆူနှင့် ဆက်သွယ်ထားသည့် ကန်ချနဘူရီ နယ်စပ်ဂိတ်မှ ထားဝယ်မြို့နှင့် ချိတ်ဆက်ထားသည့် Ban Pu Nam Ron ဂိတ်ကို နေရာပြောင်းရွှေ့ သွားမည်ဟု ထိုင်းအာဏာပိုင်များက ထိုင်းသတင်းများတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောဆိုခဲ့သည်။

    အမျိုးသားလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များပါဝင်သည့် ပြည်နယ် နယ်ခြားကွပ်ကဲမှုစင်တာတို့က ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ခဲ့သည်ဟု ကန်ချနဘူရီ ပြည်နယ်အုပ်ချူပ်ရေးမှူးက ပြောဆိုခဲ့သည်ဟု ဆိုထားသည်။

    မြန်မာနိုင်ငံမှ အလုပ်သမားများနှင့် မူးယစ်ဆေးများ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုကို တားဆီးရန် လိုအပ်လာသည့်အတွက် ဘုရားသုံးဆူနယ်စပ်ဂိတ်မှ နယ်စပ်ကုန်သွယ်ရေးကို ဖြတ်တောက်ရခြင်း ဖြစ်သည်ဟု ကန်ချနဘူရီ အမှတ် (၁) စစ်ဒေသမှူးကလည်း ပြောဆိုထားကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

    ဘုရားသုံးဆူနယ်စပ်ဂိတ်ကို နယ်စပ်ကုန်သွယ်ရေးဖြတ်တောက်ပြီး နေရာပြောင်းသွားမည် Ban Pu Nam Ron ဂိတ်တွင် ကနဦးပိုင်းအနေဖြင့် နယ်စပ်ဖြတ်ကျော် ကုန်သည်များကိုသာ ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှ လက်ရှိဆောင်ရွက်နေသည့် လမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်း မပြီးမချင်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုကို ဆိုင်းငံ့ထားမည်ဟု သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကန်ချနဘူရီ ပြည်နယ်အုပ်ချူပ်ရေးမှူးနှင့် စစ်ဒေသမှူးတို့က ထားဝယ်မြို့နှင့် ချိတ်ဆက်ထားသည့် Ban Pu Nam Ron ဂိတ်ကို သွားရောက်စစ်ဆေးခဲ့ပြီး ဒေသတွင်းမြှင့်တင်ရေးများ လုပ်ဆောင်သွားရန် စီစဉ်ထားသည်။

    လက်ရှိတွင် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေပြီး ထိုင်းနယ်ခြာစောင့်တပ်ဖွဲ့တို့ကလည်း နေ့စဉ် ဖမ်းဆီးမှုများ လုပ်ဆောင်နေရသည်။

    ထိုပြင် ကျားဖြန့်လုပ်ငန်း ငွေလိမ်ဂိုဏ်းများနှင့် လူကုန်ကူးမှုပြဿနာများကို နှိမ်နင်းရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ထိုင်းအာဏာပိုင်တို့က ထိုင်းနိုင်ငံမှ လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်တို့ကို ဖြတ်တောက်ခဲ့သည့်အကျိုးဆက်ကြောင့် ကျားဖြန့်လုပ်ငန်းထက် ဘုရားသုံးဆူဒေသခံပြည်သူတို့က ပိုမိုခက်ခဲဖြစ်စေသည်ဟု ဒေသခံတို့က ပြောဆိုနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks